ကမာၻေက်ာ္ တ႐ုတ္သူေဌးႀကီး ဂ်က္မား ေပ်ာက္ဆုံးျခင္း ေနာက္ကြယ္ ႏွင့္ မန္းေျမေဈး

ဘဏ်ချေးငွေဖြင့် မန်းမှာ မြေဝယ်သင့်သလား။ နိုးပါ။ ဘဏ်ချေးငွေတွေ အများအပြားထွက်လာတဲ့အခါ လူတွေက မြေတွေဝယ်ကြတယ်။ တရုတ်ရထားလမ်းက ဖောက်တော့မယ်ဆိုတော့ မန်းမှာမြေဝယ်ထား ပိုတက်မယ်ဆိုပြီး ထင်နေကြတယ်။ တကယ်တော့ မန်းမြေဈေးနှင့် indicator က နှစ်ခုပဲ ရှိတယ်။၁။ တရားမဝင်သစ်လုပ်ငန်း၊ တရားမဝင်သယံဇာတ လုပ်ငန်း နှင့် ဘိန်းက ရသောငွေ။၂။ တရုတ်ပြည်က ချေးယူထားသော ငွေဆိုပြီး နှစ်မျိုးရှိပါတယ်။

ဒါကြောင့် တရာမဝင်လုပ်ငန်းတွေ ခေတ်ကောင်းရင် မန်းမြေဈေးတက်တယ်။ တရုတ်က ပိုက်ဆံတွေလာရင် မန်းမြေဈေးတက်တယ်။ ၂၀၁၀ မှာ အစိုးရပြောင်းတယ်။ ပြောင်းပြီးရင်တံခါးဖွင့်တော့မယ်ဆိုတာ တရုတ်တွေက ကြိုသိတဲ့အခါမှာ မန်းမြေဈေးဟာ ၂၀၀၈ လောက်ကတည်းက တောက်လျှောက်တက်ခဲပြီး ၂၀၁၃ ရှီကျင့်ဖျင်တက်လာချိန်မှာ တရားမဝင်ငွေချေးလုပ်ငန်းများ၊ ပုပ်ပွနေသောဘဏ္ဍာရေးလုပ်ငန်းများကို ကိုင်တွယ်မှုနှင့်အတူ မန်းမြေဈေးဟာ ကျဆင်းသွားခဲ့ပါတယ်။

ဒီတော့ မန်းက မြေဈေးမှာ အဓိက တရားခံဖြစ်တဲ့ ကျဲကျန်းပြည်နယ်က လောင်တုန်း ကိုယ်တိုင်က အချုပ်ထဲရောက်နေပြီ။ တချိန်က လောင်တုန်း ဆောက်ခဲ့တဲ့ အမေရိကန်ကို ကားပစ္စည်းတင်သွင်းမှုလုပ်ငန်းဆိုတာလည်း ပျက်သလောက်ဖြစ်နေပြီ။ ဒီတော့ မန်းက သူဌေးတွေ လောင်တုန်း ဆီသွားလိုက် ပိုက်ဆံချေးလိုက်၊ မန်းမှာ အလွယ်တကူ investment လေးလုပ်လိုက်၊ မြန်မာအစိုးရက အခွန်လွတ်ငြိမ်းလေးပေးလိုက်၊ ပြည်တွင်းက အချဉ်တွေကို ပြန်ရောင်းလိုက်၊ လောင်တုန်းကို အကြွေးပြန်ဆပ်လိုက် လုပ်နေတာတွေမျိုးတွေဟာ လုပ်လို့မရတော့ပါဘူး။ လောင်တုန်းမရှိတော့ရင် အခြား Zhejiang က မြေအောက် ဘဏ္ဍာရေးစင်တာ (di xia jin rong shichang) မှာ ချေးပြီးကစားကြမယ်ထင်နေရင် အမှားပဲဖြစ်မှာပါ။

တကယ်တော့ ၂၀၀၇ လောက်ကတည်းက zhejiang underground fanicial market ဟာ ပြဿနာဖြစ်နေတာပါ။ အမေရိကန်မှာ ၂၀၀၈ financial crisis ဖြစ်တော့ ကိုရီးယားတွေက ပိုက်ဆံအကြွေးပြန်မဆပ်ကြပဲ ပြေးကြလို့ အတော်ပြဿနာတက်ခဲ့ကြပါသေးတယ်။ ဒါပေမယ့်အမေရိကန်တွေ ပြန်ဝင်လာတော့ ပြန်အဆင်ပြေလာတယ်။၂၀၁၈ အမေရိကန်တရုတ်ကုန်သွယ်မှုစစ်ပွဲ အရှိန်ပြန်မြင့်လာတော့ အမေရိကန်တွေပြန်ဆုတ်ကြလို့ တိုင်အတော်ပတ်ဖူးပါတယ်။ ဥပမာ မြန်မာပြည်လာပြီး အမေစုကို လာတွေ့သွားတဲ့ Zhejiang ၏ နာမည်ကျော် သစ်သူဌေးဟာ မြန်မာပြည်ကနေ တရုတ်ပြည်ကိုအပြန် တရုတ်မြေအချမှာ တရုတ်အစိုးရက တခါထဲ ဖမ်းသွားတာတွေ့ခဲ့ဖူးပါတယ်။ ထိုသူဟာလည်း မန်းမှာ အကြီးအကျယ်ပိုက်ဆံချေးထားသူ တစ်ဦးဖြစ်ပါတယ်။

Zhejiang underground fanicial market ကို တရုတ်အစိုးရချုပ်ကိုင်ဖို့ကြိုးစားခဲ့တာ သမ္မတဟောင်း ဟူကျင်တောင်း လက်ထက်ကတည်းက ဖြစ်ပါတယ်။ ဥပမာ တရုတ်အစိုးရဗဟိုဘဏ်၏ တရားဝင်ငွေချေးနှုန်း၏ လေးဆ အထိ အတိုးယူထားတဲ့ ငွေချေးစာချုပ်တွေကို ဥပဒေအတိုင်းတရားစွဲခွင့်ကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်တောင်ပုပ်ပွနေပြီလဲဆိုတာ တိုင်းတာရ ခက်ပါတယ်။ ဒီရက်ပိုင်း alibaba jack Ma ပျောက်ဆုံးနေခြင်းကလည်း သူနေထိုင်ကြီးပြင်းရာ Zhejiang ပြည်နယ်၏ Di Xia Jin Rong Shi Chang ကြီးနှင့် ပက်သက်မှုရှိနေတာတော့ အထူးပြောစရာမလိုပါဘူး။

ဥပမာ ဂျက်မာ၏ အင်တာဗျူးတွေကို zhejiang television က လွှင့်တဲ့အခါတွေမှာ ဂျက်မာက ယခင်ကဆောက်လုပ်ရေးကုမ္ပဏီတခုမှာလုပ်တယ်။ သူတို့နှင့်ပေါင်းလုပ်တဲ့ အမေရိကန်တွေ ပိုက်ဆံမပေးပဲအမေရိကန်ကို ပြေးတယ်။ ထိုအချိန်မှာ အင်္ဂလိပ်စကားနည်းနည်းတက်တဲ့ ဂျက်မာကိုသူ့ကုမ္ပဏီက အမေရိကန်ကိုလွှတ်ပြီး ထိုလူများကိုရှာခိုင်းတယ်။ ရှာတဲ့အခါမှာ အမေရိကန်ရောက်တော့ ကွန်ပြူတာဖြင့်ပစ္စည်းရောင်းတဲ့ ကုမ္ပဏီတွေ သူ့ဘော်ဒါက internet ကနေ ရှာပေးရင်း တရုတ်ကုမ္ပဏီတွေများတွေ့ရမလားဆိုပြီး ရှာတော့မတွေ့၊ ဒါကြောင့်တရုတ်တွေ အမေရိကန်ဈေးကွက်ထိုးဖောကိရအောင် Zhejiang ပြည်နယ်က ထွက်ကုန်တွေ ပြည်ပထွက်ရအောင် alibaba ဆိုတဲ့ Internet platform ကို တည်ထောင်ခဲ့တာဆိုပါတယ်။ Zhejiang ပြည်နယ်မှာ နာမည်ကျော် Yiwu အသေးစားပစ္စည်း လက်ကားဈေးကြီးရှိတယ်။ Yong kang စက်မှုဈေးကြီးရှိတယ်။ အိမ်တွင်းမှုစက်မှုလုပ်ငန်းတွေရှိတယ်။

ဒါကြောင့် zhejiang မှာ အခြေချတဲ့ ဂျက်မာ အောင်မြင်တယ်ဆိုရမှာပါ။ ဒါပေမယ့် Jack Ma ပြောတဲ့အင်တာဗျူးမှာ ပါတဲ့ ရှေ့နောက်မညီမှုတွေကို ကျွန်တော်ကတော့ ကျောင်းသားဘဝ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ရယ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ဆောက်လုပ်ရေးကုမ္ပဏီကြီးက ငွေလိမ်ခံရလို့ အလိမ်ခံရသူကို ebay ပေါ်တက်ရှာဆိုတာ ရယ်စရာကြီးပါ။ ကျွန်တော့အမြင်တော့ Jack Ma လုပ်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီး ကိုယ်တိုင်က မြေအောက်ဘဏ္ဍာရေးကမ္ဘာ၏ အစိတ်အပိုင်း တခုဖြစ်နေသလို၊ ဂျက်မာကိုယ်တိုင်က မြေအောက်ဘဏ္ဍာရေးကမ္ဘာမှာ ထိုစဉ်ကတည်းကပွဲစားဖြစ်၍ နေပါပြီဟုယူဆမိတယ်။ ဒါကြောင့် Jack Ma ဟာ မြေအောက်ဘဏ္ဍာရေးစင်တာကို alibaba ဆိုပြီး Internet ပေါ်တင်ပေးခဲ့တာဖြစ်မယ်ဟု ကျွန်တော်အမြဲယုံကြည်နေမိခဲ့တယ်။

ဒါကြောင့် တရုတ်အစိုးရ က Zhejiang က သူဌေးတွေကို စပြီးဆွဲကတည်းက Jack Ma ကို မဆွဲသေးဘူးလား။ ကြီးလို့လားဆိုပြီး ကျွန်တော်သံသယဝင်မိခဲ့တယ်။ ယခုတော့ Jack Ma လည်း သူ့နားက လူတချို့အဆွဲခံရမှုကြောင့် ဝပ်နေရတဲ့အနေအထားရောက်သွားပြီဆိုရမှာပါ။ ဒါကြောင့် Jack Ma လိုမျိုးအဆင့်တောင် ခြေငြိမ်ရပြီဆိုရင် Zhejiang underground financial market ၏ အခြေအနေကအတော်ကို ဆိုးနေပြီဆိုရမှာပါ။ ဒီတော့ မြန်မာပြည်အပါအဝင် ကမ္ဘာတလွှားက တရုတ်လူမျိုးတွေထံ Zhejiang က လာတဲ့ငွေတွေဟာ အများအပြားလာနိုင်ဦးမလား။ စဉ်းစားကြည့်ရင် မြင်နိုင်ပါတယ်။

လက်ရှိအနေအထားအရ တရုတ်အစိုးရဟာ hot investment တွေကိုထိန်းကျောင်းနိုင်ရေးကို အားပေးဖို့ ဥပဒေအောက်မှ စနစ်တကျဖြစ်သော financial center တွေပေါ်ပေါက်လာရေးကို ကြိုးစားနေတာ ၁၀ နှစ်ကျော်ပါပြီ။ ထို့အတွက် ယခုအနေအထားမျိုးရောက်နေပြီဆိုရင်တော့ တရုတ်အစိုးရဟာ နောက်ပြန်လှည့်တော့မည် မဟုတ်ပါ။ တရုတ်ပြည် middle income country ကနေ လွတ်မြောက်ဖို့ financil stability ကလည်း လိုနေတော့ တရုတ်မှာ ဘယ်သမ္မတတက်တက် တရုတ်ပြည်တိုးတက်ရေးကို ရှေးရှုရမှာကြောင့် zhejiang underground Financial market က ကြာလေလှုပ်မရလေပဲဖြစ်တော့မှာပါ။

ဒါကြောင့် မန်းမြေစျေးကော.. Zhejiang က လောင်တုန်းကို အချုပ်ထဲ တရုတ်အစိုးရကထည့်ထားသ၍ တစ်နှစ်လုံးမှ သိန်းတစ်သောင်းလောက်တောင် ပစ္စည်းမရောင်းရတဲ့ကုမ္ပဏီတွေက မြေကြီးတွေ ဘီလီယံချီဝယ်နေကြတာ မျိုးတွေဟာ ရထားလမ်းမကလို့ ဘာလမ်းပဲဖောက်ဖောက် သိပ်ရှိတော့မယ်မထင်ပါဘူး။

crd….(မြတ်မော်)

zawgyi

ဘဏ္ေခ်းေငြျဖင့္ မန္းမွာ ေျမဝယ္သင့္သလား။ ႏိုးပါ။ ဘဏ္ေခ်းေငြေတြ အမ်ားအျပားထြက္လာတဲ့အခါ လူေတြက ေျမေတြဝယ္ၾကတယ္။ တ႐ုတ္ရထားလမ္းက ေဖာက္ေတာ့မယ္ဆိုေတာ့ မန္းမွာေျမဝယ္ထား ပိုတက္မယ္ဆိုၿပီး ထင္ေနၾကတယ္။ တကယ္ေတာ့ မန္းေျမေဈးႏွင့္ indicator က ႏွစ္ခုပဲ ရွိတယ္။၁။ တရားမဝင္သစ္လုပ္ငန္း၊ တရားမဝင္သယံဇာတ လုပ္ငန္း ႏွင့္ ဘိန္းက ရေသာေငြ။၂။ တ႐ုတ္ျပည္က ေခ်းယူထားေသာ ေငြဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။

ဒါေၾကာင့္ တရာမဝင္လုပ္ငန္းေတြ ေခတ္ေကာင္းရင္ မန္းေျမေဈးတက္တယ္။ တ႐ုတ္က ပိုက္ဆံေတြလာရင္ မန္းေျမေဈးတက္တယ္။ ၂၀၁၀ မွာ အစိုးရေျပာင္းတယ္။ ေျပာင္းၿပီးရင္တံခါးဖြင့္ေတာ့မယ္ဆိုတာ တ႐ုတ္ေတြက ႀကိဳသိတဲ့အခါမွာ မန္းေျမေဈးဟာ ၂၀၀၈ ေလာက္ကတည္းက ေတာက္ေလွ်ာက္တက္ခဲၿပီး ၂၀၁၃ ရွီက်င့္ဖ်င္တက္လာခ်ိန္မွာ တရားမဝင္ေငြေခ်းလုပ္ငန္းမ်ား၊ ပုပ္ပြေနေသာဘ႑ာေရးလုပ္ငန္းမ်ားကို ကိုင္တြယ္မႈႏွင့္အတူ မန္းေျမေဈးဟာ က်ဆင္းသြားခဲ့ပါတယ္။

ဒီေတာ့ မန္းက ေျမေဈးမွာ အဓိက တရားခံျဖစ္တဲ့ က်ဲက်န္းျပည္နယ္က ေလာင္တုန္း ကိုယ္တိုင္က အခ်ဳပ္ထဲေရာက္ေနၿပီ။ တခ်ိန္က ေလာင္တုန္း ေဆာက္ခဲ့တဲ့ အေမရိကန္ကို ကားပစၥည္းတင္သြင္းမႈလုပ္ငန္းဆိုတာလည္း ပ်က္သေလာက္ျဖစ္ေနၿပီ။ ဒီေတာ့ မန္းက သူေဌးေတြ ေလာင္တုန္း ဆီသြားလိုက္ ပိုက္ဆံေခ်းလိုက္၊ မန္းမွာ အလြယ္တကူ investment ေလးလုပ္လိုက္၊ ျမန္မာအစိုးရက အခြန္လြတ္ၿငိမ္းေလးေပးလိုက္၊ ျပည္တြင္းက အခ်ဥ္ေတြကို ျပန္ေရာင္းလိုက္၊ ေလာင္တုန္းကို အေႂကြးျပန္ဆပ္လိုက္ လုပ္ေနတာေတြမ်ိဳးေတြဟာ လုပ္လို႔မရေတာ့ပါဘူး။ ေလာင္တုန္းမရွိေတာ့ရင္ အျခား Zhejiang က ေျမေအာက္ ဘ႑ာေရးစင္တာ (di xia jin rong shichang) မွာ ေခ်းၿပီးကစားၾကမယ္ထင္ေနရင္ အမွားပဲျဖစ္မွာပါ။

တကယ္ေတာ့ ၂၀၀၇ ေလာက္ကတည္းက zhejiang underground fanicial market ဟာ ျပႆနာျဖစ္ေနတာပါ။ အေမရိကန္မွာ ၂၀၀၈ financial crisis ျဖစ္ေတာ့ ကိုရီးယားေတြက ပိုက္ဆံအေႂကြးျပန္မဆပ္ၾကပဲ ေျပးၾကလို႔ အေတာ္ျပႆနာတက္ခဲ့ၾကပါေသးတယ္။ ဒါေပမယ့္အေမရိကန္ေတြ ျပန္ဝင္လာေတာ့ ျပန္အဆင္ေျပလာတယ္။၂၀၁၈ အေမရိကန္တ႐ုတ္ကုန္သြယ္မႈစစ္ပြဲ အရွိန္ျပန္ျမင့္လာေတာ့ အေမရိကန္ေတြျပန္ဆုတ္ၾကလို႔ တိုင္အေတာ္ပတ္ဖူးပါတယ္။ ဥပမာ ျမန္မာျပည္လာၿပီး အေမစုကို လာေတြ႕သြားတဲ့ Zhejiang ၏ နာမည္ေက်ာ္ သစ္သူေဌးဟာ ျမန္မာျပည္ကေန တ႐ုတ္ျပည္ကိုအျပန္ တ႐ုတ္ေျမအခ်မွာ တ႐ုတ္အစိုးရက တခါထဲ ဖမ္းသြားတာေတြ႕ခဲ့ဖူးပါတယ္။ ထိုသူဟာလည္း မန္းမွာ အႀကီးအက်ယ္ပိုက္ဆံေခ်းထားသူ တစ္ဦးျဖစ္ပါတယ္။

Zhejiang underground fanicial market ကို တ႐ုတ္အစိုးရခ်ဳပ္ကိုင္ဖို႔ႀကိဳးစားခဲ့တာ သမၼတေဟာင္း ဟူက်င္ေတာင္း လက္ထက္ကတည္းက ျဖစ္ပါတယ္။ ဥပမာ တ႐ုတ္အစိုးရဗဟိုဘဏ္၏ တရားဝင္ေငြေခ်းႏႈန္း၏ ေလးဆ အထိ အတိုးယူထားတဲ့ ေငြေခ်းစာခ်ဳပ္ေတြကို ဥပေဒအတိုင္းတရားစြဲခြင့္ကို ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္ေတာင္ပုပ္ပြေနၿပီလဲဆိုတာ တိုင္းတာရ ခက္ပါတယ္။ ဒီရက္ပိုင္း alibaba jack Ma ေပ်ာက္ဆုံးေနျခင္းကလည္း သူေနထိုင္ႀကီးျပင္းရာ Zhejiang ျပည္နယ္၏ Di Xia Jin Rong Shi Chang ႀကီးႏွင့္ ပက္သက္မႈရွိေနတာေတာ့ အထူးေျပာစရာမလိုပါဘူး။

ဥပမာ ဂ်က္မာ၏ အင္တာဗ်ဴးေတြကို zhejiang television က လႊင့္တဲ့အခါေတြမွာ ဂ်က္မာက ယခင္ကေဆာက္လုပ္ေရးကုမၸဏီတခုမွာလုပ္တယ္။ သူတို႔ႏွင့္ေပါင္းလုပ္တဲ့ အေမရိကန္ေတြ ပိုက္ဆံမေပးပဲအေမရိကန္ကို ေျပးတယ္။ ထိုအခ်ိန္မွာ အဂၤလိပ္စကားနည္းနည္းတက္တဲ့ ဂ်က္မာကိုသူ႔ကုမၸဏီက အေမရိကန္ကိုလႊတ္ၿပီး ထိုလူမ်ားကိုရွာခိုင္းတယ္။ ရွာတဲ့အခါမွာ အေမရိကန္ေရာက္ေတာ့ ကြန္ျပဴတာျဖင့္ပစၥည္းေရာင္းတဲ့ ကုမၸဏီေတြ သူ႔ေဘာ္ဒါက internet ကေန ရွာေပးရင္း တ႐ုတ္ကုမၸဏီေတြမ်ားေတြ႕ရမလားဆိုၿပီး ရွာေတာ့မေတြ႕၊ ဒါေၾကာင့္တ႐ုတ္ေတြ အေမရိကန္ေဈးကြက္ထိုးေဖာကိရေအာင္ Zhejiang ျပည္နယ္က ထြက္ကုန္ေတြ ျပည္ပထြက္ရေအာင္ alibaba ဆိုတဲ့ Internet platform ကို တည္ေထာင္ခဲ့တာဆိုပါတယ္။ Zhejiang ျပည္နယ္မွာ နာမည္ေက်ာ္ Yiwu အေသးစားပစၥည္း လက္ကားေဈးႀကီးရွိတယ္။ Yong kang စက္မႈေဈးႀကီးရွိတယ္။ အိမ္တြင္းမႈစက္မႈလုပ္ငန္းေတြရွိတယ္။

ဒါေၾကာင့္ zhejiang မွာ အေျခခ်တဲ့ ဂ်က္မာ ေအာင္ျမင္တယ္ဆိုရမွာပါ။ ဒါေပမယ့္ Jack Ma ေျပာတဲ့အင္တာဗ်ဴးမွာ ပါတဲ့ ေရွ႕ေနာက္မညီမႈေတြကို ကြၽန္ေတာ္ကေတာ့ ေက်ာင္းသားဘဝ လြန္ခဲ့တဲ့ ၁၅ ႏွစ္ကတည္းက ရယ္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ေဆာက္လုပ္ေရးကုမၸဏီႀကီးက ေငြလိမ္ခံရလို႔ အလိမ္ခံရသူကို ebay ေပၚတက္ရွာဆိုတာ ရယ္စရာႀကီးပါ။ ကြၽန္ေတာ့အျမင္ေတာ့ Jack Ma လုပ္ခဲ့တဲ့ ေဆာက္လုပ္ေရးကုမၸဏီႀကီး ကိုယ္တိုင္က ေျမေအာက္ဘ႑ာေရးကမာၻ၏ အစိတ္အပိုင္း တခုျဖစ္ေနသလို၊ ဂ်က္မာကိုယ္တိုင္က ေျမေအာက္ဘ႑ာေရးကမာၻမွာ ထိုစဥ္ကတည္းကပြဲစားျဖစ္၍ ေနပါၿပီဟုယူဆမိတယ္။ ဒါေၾကာင့္ Jack Ma ဟာ ေျမေအာက္ဘ႑ာေရးစင္တာကို alibaba ဆိုၿပီး Internet ေပၚတင္ေပးခဲ့တာျဖစ္မယ္ဟု ကြၽန္ေတာ္အၿမဲယုံၾကည္ေနမိခဲ့တယ္။

ဒါေၾကာင့္ တ႐ုတ္အစိုးရ က Zhejiang က သူေဌးေတြကို စၿပီးဆြဲကတည္းက Jack Ma ကို မဆြဲေသးဘူးလား။ ႀကီးလို႔လားဆိုၿပီး ကြၽန္ေတာ္သံသယဝင္မိခဲ့တယ္။ ယခုေတာ့ Jack Ma လည္း သူ႔နားက လူတခ်ိဳ႕အဆြဲခံရမႈေၾကာင့္ ဝပ္ေနရတဲ့အေနအထားေရာက္သြားၿပီဆိုရမွာပါ။ ဒါေၾကာင့္ Jack Ma လိုမ်ိဳးအဆင့္ေတာင္ ေျခၿငိမ္ရၿပီဆိုရင္ Zhejiang underground financial market ၏ အေျခအေနကအေတာ္ကို ဆိုးေနၿပီဆိုရမွာပါ။ ဒီေတာ့ ျမန္မာျပည္အပါအဝင္ ကမာၻတလႊားက တ႐ုတ္လူမ်ိဳးေတြထံ Zhejiang က လာတဲ့ေငြေတြဟာ အမ်ားအျပားလာႏိုင္ဦးမလား။ စဥ္းစားၾကည့္ရင္ ျမင္ႏိုင္ပါတယ္။

လက္ရွိအေနအထားအရ တ႐ုတ္အစိုးရဟာ hot investment ေတြကိုထိန္းေက်ာင္းႏိုင္ေရးကို အားေပးဖို႔ ဥပေဒေအာက္မွ စနစ္တက်ျဖစ္ေသာ financial center ေတြေပၚေပါက္လာေရးကို ႀကိဳးစားေနတာ ၁၀ ႏွစ္ေက်ာ္ပါၿပီ။ ထို႔အတြက္ ယခုအေနအထားမ်ိဳးေရာက္ေနၿပီဆိုရင္ေတာ့ တ႐ုတ္အစိုးရဟာ ေနာက္ျပန္လွည့္ေတာ့မည္ မဟုတ္ပါ။ တ႐ုတ္ျပည္ middle income country ကေန လြတ္ေျမာက္ဖို႔ financil stability ကလည္း လိုေနေတာ့ တ႐ုတ္မွာ ဘယ္သမၼတတက္တက္ တ႐ုတ္ျပည္တိုးတက္ေရးကို ေရွးရႈရမွာေၾကာင့္ zhejiang underground Financial market က ၾကာေလလႈပ္မရေလပဲျဖစ္ေတာ့မွာပါ။

ဒါေၾကာင့္ မန္းေျမေစ်းေကာ.. Zhejiang က ေလာင္တုန္းကို အခ်ဳပ္ထဲ တ႐ုတ္အစိုးရကထည့္ထားသ၍ တစ္ႏွစ္လုံးမွ သိန္းတစ္ေသာင္းေလာက္ေတာင္ ပစၥည္းမေရာင္းရတဲ့ကုမၸဏီေတြက ေျမႀကီးေတြ ဘီလီယံခ်ီဝယ္ေနၾကတာ မ်ိဳးေတြဟာ ရထားလမ္းမကလို႔ ဘာလမ္းပဲေဖာက္ေဖာက္ သိပ္ရွိေတာ့မယ္မထင္ပါဘူး။

crd….(ျမတ္ေမာ္)

Leave a Reply

Your email address will not be published. Required fields are marked *