ကမာၻ႔ၿပိဳင္ဘက္ကင္း ေရဒါစနစ္အသစ္ကို တည္ေဆာက္ေနၿပီျဖစ္တဲ့ ႐ုရွား

႐ုရွားႏိုင္ငံရဲ႕ ေနာက္ဆုံးေပၚ ဒုံးက်ည္ကာကြယ္ေရး ေရဒါ “ရာ့ခ႐ိုမာ” Yakhroma ကို ခ်ဴ႕ခိုးစခဲ ပင္လယ္ဘက္တြင္ ၂၀၃၀ ခုႏွစ္မွာ အၿပီးသတ္ တည္ေဆာက္သြားမယ္လို႔ သိရပါတယ္။ အဲဒီ့ေဒသဟာ အေမရိကန္ႏိုင္ငံ အလက္စကာ ျပည္နယ္ႏွင့္ အမ်ားႀကီးမေဝးကြာတဲ့ ေနရာမွာတည္ရွိပါတယ္။ဒီေရဒါဟာ အလိုအေ လ်ာက္လည္ပတ္မွာျဖစ္ၿပီး ေရဒါစခန္းမွာအၿမဲတမ္း ၀န္ထမ္းကိုအသုံးျပဳမွာ မဟုတ္ဘူးလို႔လဲ သိရပါတယ္။ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလကုန္ပိုင္းတြင္ ႐ုရွားကာကြယ္ေရး ၀န္ႀကီး Sergei Shoigu က ႏွစ္ကုန္ဝန္ႀကီးမ်ားဘုတ္အဖြဲ႕အစည္းအေဝးတြင္ ကာကြယ္ေရး၀န္ႀကီးဌာနဟာ ၂၀၂၁ ခုႏွစ္မွာ ကရင္းေဒသရွိ ရွိ ဆီဗာစတူေပါ တြင္ Yakhroma ေရဒါကို စတင္တည္ေဆာက္လိမ့္မည္ဟုေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီးဟာ ဒီ ေရဒါရဲ႕ separate nodes ေတြကို ေလေၾကာင္းပစ္မွတ္ေတြရွာေဖြဖို႔ရာ ကာလီနင္ဂရတ္၊ ဇီး ႏွင့္ ေဗာ္ကူတာ ေဒသေတြမွာလဲ တည္ေဆာက္သြားမွာျဖစ္တယ္လို႔ေျပာၾကားသြားပါေသးတယ္။ဒီေရဒါမွာ ေလယာဥ္ထိန္းခ်ဳပ္ေရးစနစ္ေတြ၊ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြႏွင့္ တျခား ဒစ္ဂ်စ္တယ္စနစ္ေတြပါ ပါဝင္ႏိုင္မယ္လို႔သိရပါတယ္ရရွိထားေသာသတင္းမ်ားအရ ယခု ေရဒါဟာ ကမာၻေပၚတြင္ ၿပိဳင္ဘက္ကင္း ေရဒါျဖစ္လာဖြယ္ရွိၿပီး မီတာ၊ စင္တီမီတာ၊ ဒက္စီမီတာ၊ မီလီမီတာ အစရွိသျဖင့္ ႀကိမ္ႏႈန္းေလးမ်ိဳးျဖင့္ အလုပ္လုပ္ႏိုင္မွာျဖစ္ၿပီး ၂၇၀ ဒီဂရီျမင္ႏိုင္စြမ္းရွိပါတယ္။

လက္ရွိ ရွ႐ုားဒုံးက်ည္ကာကြယ္ေရးစနစ္မွာ အလႊာ ၂ ခုျဖင့္အလုပ္လုပ္ေနတာျဖစ္ပါတယ္။ အဲဒါေတြကေတာ့ Tundra လို႔ေခၚတဲ့ အာကာသၿဂိဳဟ္တု ၄ ခုႏွင့္ ၎တို႔ႏွင့္ခ်ိတ္ဆက္ထားတဲ့ ေျမျပင္ကြန္ယက္ Voronezh ေရဒါေတြပဲျဖစ္ပါတယ္။ယခုတည္ေဆာက္မယ့္ ရာ့ခ႐ိုမာ ေရဒါအဓိကလုပ္ေဆာင္မယ့္ တာဝန္ကေတာ့ ႐ုရွားႏိုင္ငံပိုင္နက္ႏွင့္ သူ႔ရဲ႕မဟာမိတ္ႏိုင္ငံမ်ားဆီဝင္ေရာက္လာမယ့္ တိုက္ခ်င္းပစ္ဒုံးက်ည္ေတြကို ရွာေဖြေထာက္လွမ္းႏိုင္ဖို႔ျဖစ္တယ္လို႔သိရပါတယ္။ ယခုႏွစ္မွအစျပဳမယ့္ ဒီေရဒါစနစ္ဟာ ၂၀၃၀ ခုႏွစ္မွာ ခ်ဴ႕ခိုးစခဲ ပင္လယ္ဘက္အထိ ကြန္ယက္ခ်ဲ႕ထြင္ၿပီးစီးမယ္လို႔ ယူဆရပါတယ္

ေလးစားစ ြာ ခရက္ဒစ္ေပးပါတ.္……. knowledgeworms

unicode

ရုရှားနိုင်ငံရဲ့ နောက်ဆုံးပေါ် ဒုံးကျည်ကာကွယ်ရေး ရေဒါ “ရာ့ခရိုမာ” Yakhroma ကို ချူ့ခိုးစခဲ ပင်လယ်ဘက်တွင် ၂၀၃၀ ခုနှစ်မှာ အပြီးသတ် တည်ဆောက်သွားမယ်လို့ သိရပါတယ်။ အဲဒီ့ဒေသဟာ အမေရိကန်နိုင်ငံ အလက်စကာ ပြည်နယ်နှင့် အများကြီးမဝေးကွာတဲ့ နေရာမှာတည်ရှိပါတယ်။ဒီရေဒါဟာ အလိုအလျောက်လည်ပတ်မှာဖြစ်ပြီး ရေဒါစခန်းမှာအမြဲတမ်း ဝန်ထမ်းကိုအသုံးပြုမှာ မဟုတ်ဘူးလို့လဲ သိရပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ရုရှားကာကွယ်ရေး ဝန်ကြီး Sergei Shoigu က နှစ်ကုန်ဝန်ကြီးများဘုတ်အဖွဲ့အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာနဟာ ၂၀၂၁ ခုနှစ်မှာ ကရင်းဒေသရှိ ရှိ ဆီဗာစတူပေါ တွင် Yakhroma ရေဒါကို စတင်တည်ဆောက်လိမ့်မည်ဟုပြောကြားခဲ့ပါတယ်။

ဝန်ကြီးဟာ ဒီ ရေဒါရဲ့ separate nodes တွေကို လေကြောင်းပစ်မှတ်တွေရှာဖွေဖို့ရာ ကာလီနင်ဂရတ်၊ ဇီး နှင့် ဗော်ကူတာ ဒေသတွေမှာလဲ တည်ဆောက်သွားမှာဖြစ်တယ်လို့ပြောကြားသွားပါသေးတယ်။ဒီရေဒါမှာ လေယာဉ်ထိန်းချုပ်ရေးစနစ်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနှင့် တခြား ဒစ်ဂျစ်တယ်စနစ်တွေပါ ပါဝင်နိုင်မယ်လို့သိရပါတယ်ရရှိထားသောသတင်းများအရ ယခု ရေဒါဟာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း ရေဒါဖြစ်လာဖွယ်ရှိပြီး မီတာ၊ စင်တီမီတာ၊ ဒက်စီမီတာ၊ မီလီမီတာ အစရှိသဖြင့် ကြိမ်နှုန်းလေးမျိုးဖြင့် အလုပ်လုပ်နိုင်မှာဖြစ်ပြီး ၂၇၀ ဒီဂရီမြင်နိုင်စွမ်းရှိပါတယ်။

လက်ရှိ ရှရုားဒုံးကျည်ကာကွယ်ရေးစနစ်မှာ အလွှာ ၂ ခုဖြင့်အလုပ်လုပ်နေတာဖြစ်ပါတယ်။ အဲဒါတွေကတော့ Tundra လို့ခေါ်တဲ့ အာကာသဂြိုဟ်တု ၄ ခုနှင့် ၎င်းတို့နှင့်ချိတ်ဆက်ထားတဲ့ မြေပြင်ကွန်ယက် Voronezh ရေဒါတွေပဲဖြစ်ပါတယ်။ယခုတည်ဆောက်မယ့် ရာ့ခရိုမာ ရေဒါအဓိကလုပ်ဆောင်မယ့် တာဝန်ကတော့ ရုရှားနိုင်ငံပိုင်နက်နှင့် သူ့ရဲ့မဟာမိတ်နိုင်ငံများဆီဝင်ရောက်လာမယ့် တိုက်ချင်းပစ်ဒုံးကျည်တွေကို ရှာဖွေထောက်လှမ်းနိုင်ဖို့ဖြစ်တယ်လို့သိရပါတယ်။ ယခုနှစ်မှအစပြုမယ့် ဒီရေဒါစနစ်ဟာ ၂၀၃၀ ခုနှစ်မှာ ချူ့ခိုးစခဲ ပင်လယ်ဘက်အထိ ကွန်ယက်ချဲ့ထွင်ပြီးစီးမယ်လို့ ယူဆရပါတယ်

လေးစားစ ွာ ခရက်ဒစ်ပေးပါတ.်……. knowledgeworms

Leave a Reply

Your email address will not be published. Required fields are marked *