ကို ဗစ္ ကာ ကြယ္ေ ဆးကို က်န္းမာေ ရး ဝန္ထမ္းမ် ားႏွင့္ အသက္ ၆၅ ႏွစ္အထက္ ျ ပည္သူ မ်ားကို ပထမဦးစားေပးထိုးႏွံသြားမယ္

ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများနှင့် အသက် ၆၅ နှစ်အထက် ပြည်သူများကို ပထမဦးစားပေးထိုးနှံသွားမယ်လို့ ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက ပြောကြားလိုက်ပါတယ်။ကိုဗစ် ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေအမျိုးအမျိုးအပေါ် မူတည်၍ စနစ်တကျ ခွဲဝေထိုးနှံနိုင်ရေး သဏ္ဍာန်တူ စားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်သည့် ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

အဆိုပါ အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းနှင့် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ တာဝန်ရှိသူများ က ကိုဗစ်-၁၉ ကာကွယ်ဆေး အရေအတွက် ပမာဏ၊ ကာကွယ်ဆေး အမျိုးအစား၊ ကာကွယ်ဆေး အမျိုးအစားအလိုက် အအေးလမ်းကြောင်းမပျက်သိုလှောင်ရမည့် အခြေအနေအမျိုးမျိုး တို့ အပေါ်မူတည်၍ ဦးစားပေး လူအုပ်စုများရွေးချယ် ထိုးနှံသွားမည့် အစီအစဉ်၊ ကျန်းမာရေးဝန်ထမ်းများနှင့် အသက် (၆၅) နှစ်

အထက် ပြည်သူများအား ပထမဦးစားပေး လူအုပ်စုအဖြစ် ရွေးချယ်သတ်မှတ်ထားမှု၊ သိုလှောင်ဖြန့်ဖြူးမည့် အစီအစဉ်၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပို့မည့် အစီအစဉ်၊ ကြိုတင်ပြင်ဆင်ထားမှုနှင့် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံသားများအတွက် ကိုဗစ်ကာကွယ်ဆေး လာမည့် ဖေဖော်ဝါရီလ အတွင်းရရှိမယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

ေလးစားစြာ ခရက္းဒစါေပးပါသည္ ……MyanmaPlatForm

unicode

ကိုဗစ္ကာကြယ္ေဆးကို က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ အသက္ ၆၅ ႏွစ္အထက္ ျပည္သူမ်ားကို ပထမဦးစားေပးထိုးႏွံသြားမယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္သူ႔က်န္းမာေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာ ထားထားလင္းက ေျပာၾကားလိုက္ပါတယ္။ကိုဗစ္ ကာကြယ္ေဆး ရရွိလာႏိုင္မႈအေျခအေနအမ်ိဳးအမ်ိဳးအေပၚ မူတည္၍ စနစ္တက် ခြဲေဝထိုးႏွံႏိုင္ေရး သ႑ာန္တူ စားပြဲတင္ေလ့က်င့္ ႀကိဳတင္ျပင္ဆင္သည့္ ေဆြးေႏြးပြဲမွာ ထည့္သြင္းေျပာၾကားလိုက္ပါတယ္။

အဆိုပါ အခမ္းအနားတြင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာ ထားထားလင္းႏွင့္ သက္ဆိုင္ရာ လုပ္ငန္းအဖြဲ႕ခြဲမ်ားမွ တာဝန္ရွိသူမ်ား က ကိုဗစ္-၁၉ ကာကြယ္ေဆး အေရအတြက္ ပမာဏ၊ ကာကြယ္ေဆး အမ်ိဳးအစား၊ ကာကြယ္ေဆး အမ်ိဳးအစားအလိုက္ အေအးလမ္းေၾကာင္းမပ်က္သိုေလွာင္ရမည့္ အေျခအေနအမ်ိဳးမ်ိဳး တို႔ အေပၚမူတည္၍ ဦးစားေပး လူအုပ္စုမ်ားေ႐ြးခ်ယ္ ထိုးႏွံသြားမည့္ အစီအစဥ္၊ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ အသက္ (၆၅) ႏွစ္

အထက္ ျပည္သူမ်ားအား ပထမဦးစားေပး လူအုပ္စုအျဖစ္ ေ႐ြးခ်ယ္သတ္မွတ္ထားမႈ၊ သိုေလွာင္ျဖန႔္ျဖဴးမည့္ အစီအစဥ္၊ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားသို႔ ပို႔မည့္ အစီအစဥ္၊ ႀကိဳတင္ျပင္ဆင္ထားမႈႏွင့္ ေဆာင္႐ြက္မည့္ အစီအစဥ္မ်ားအား ရွင္းလင္းတင္ျပခဲ့တာျဖစ္ပါတယ္။ျမန္မာႏိုင္ငံသားမ်ားအတြက္ ကိုဗစ္ကာကြယ္ေဆး လာမည့္ ေဖေဖာ္ဝါရီလ အတြင္းရရွိမယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံးက ထုတ္ျပန္ထားပါတယ္။

ေလးစားျစာ ခရက္းဒစါေပးပါသၫ္ ……MyanmaPlatForm

Leave a Reply

Your email address will not be published. Required fields are marked *