“ကိုဗစ်ကို အမြစ်ဖြုတ်ဖို့ မဖြစ်နိုင်တော့ ထာဝရ ယှဉ်တွဲနေသွားရတော့မည်ဟု ကာကွယ်ဆေးကုမ္ပဏီ အကြီးအကဲပြော”

ကိုဗစ်နဲ့ အတူတူနေရတော့မယ်..တဲ့မချစ်သော်လည်း အောင့်ကာနမ်းကြပါတော့။ အခုတော့ဖြင့် အတော်သေချာသလောက်ရှိနေပါပြီ။ ကိုဗစ်ကြီးက ကျနော်တို့ဘေးမှာ တဝဲလည်လည်နဲ့ နှစ်ပေါင်းများစွာ ဆက်ရှိနေပါတော့မယ်။ကိုယ့်ဘေးမှာ အမြဲမပြတ်ဆိုသလို တွေ့နေရတတ်တဲ့ ကူးစက်ရောဂါကို endemic လို့ခေါ်ပါတယ်။ ပညာရှင်အတော်များများရဲ့ ထင်မြင်ချက်တွေကို ကိုးကားပြီး ပြောရရင် ကိုဗစ်ဟာ ကမ္ဘာအနှံ့က လူတောထဲမှာ ခြေကုတ်မြဲမြဲနေနိုင်ဖို့ အတွက် အတော်လေးပြည့်စုံအောင်လုပ်နိုင်စွမ်းရှိတဲ့ ဗိုင်းရပ်စ်ပါ။

သူ့ကို ကာကွယ်ဆေးနဲ့ ထိန်းချုပ်ပြီး ရောဂါပြင်းထန်တာ၊ သေဆုံးတာတွေကို လျှော့ချဖို့ ကြိုးစားကြရတော့မှာပါ။ ဒါပေမဲ့ ကိုဗစ်ကို ပျောက်ကွယ်သွားအောင်လုပ်ဖို့၊ အပြုတ်တိုက်ဖို့တော့ မဖြစ်နိုင်သလောက် ရှိသွားပါပြီ။

သူက ပုံအမျိုးမျိုးနဲ့ ရုပ်ဖျက်ပြီး ကာကွယ်ဆေးကို ရှောင်လွှဲခဲ့ရင်လည်း နောက်က နည်းပညာနဲ့ လိုက်ပြုပြင်ပြီး ထုတ်ဖို့ ကြိုးစားနေကြရပါတယ်။ အဲ့သလို သဘောမျိုး ပြောလာခဲ့သူကတော့ MODERNA ကာကွယ်ဆေးထုတ်တဲ့ ကုမ္ပဏီရဲ့ အကြီးအကဲ ဆိုသူဖြစ်ပါတယ်ခင်ဗျ။ကိုဗစ်ကြီးကို အပြုတ်တိုက် ၊ အပျောက်ရှင်း ချေမှုန်းလိုသူများ ထိုပုဂ္ဂိုလ်ကြီးကိုသာ ရီပို့ဝိုင်းထုကြစေလိုပါကြောင်း။

Nay Win
zawgyi



Nay Win

Leave a Reply

Your email address will not be published. Required fields are marked *