ကိုဗစ္ ကာကြယ္ေဆး ဝယ္ယူရန္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း က တတိယအႀကိမ္ က်ပ္သိန္း တစ္ေသာင္း လႉဒါန္း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြည်တွင်း ၊ပြည်ပမှ စေတနာရှင်တွေက ကိုဗစ် ကာကွယ်ဆေး ရန်ပုံငွေအတွက် ကျပ်သိန်း တစ်သောင်း ကို တတိယအကြိမ် လှူဒါန်းခဲ့တယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။ဖောင်ဒေးရှင်းက အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်း အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးတို့က ရန်ကုန်မြို့ရှိ- မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူဆီကို ဒီနေ့မှာ လွှဲပြောင်းလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

ကိုဗစ် ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက် ပြည်တွင်း ၊ ပြည်ပက စေတနာရှင် အလှူရှင်တွေရဲ့ စုပေါင်းအလှူအဖြစ် ဇန်နဝါရီ ၁၂ရက်က ပထမအကြိမ်လှူဒါန်းငွေ ကျပ်သိန်း ၂ထောင် ၊ ဇန်နဝါရီ ၁၅ ရက်က ဒုတိယအကြိမ် ကျပ်သိန်း ၃ ထောင် ၊ တတိယအကြိမ်ထိ စုစုပေါင်းကျပ်သိန်း ၁ သောင်း

၅ ထောင်တိတိ လှူဒါန်းထားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရရှိရေး အတွက် အိန္ဒိယနိုင်ငံ ကနေ ကာကွယ်ဆေး အလုံးရေ သန်း ၃၀ မှာယူထားတာပဲဖြစ်ပါတယ်။

crd…..အိုင်းရစ် ရေးသားသည်။

zawgyi

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းႏွင့္ ျပည္တြင္း ၊ျပည္ပမွ ေစတနာရွင္ေတြက ကိုဗစ္ ကာကြယ္ေဆး ရန္ပုံေငြအတြက္ က်ပ္သိန္း တစ္ေသာင္း ကို တတိယအႀကိမ္ လႉဒါန္းခဲ့တယ္လို႔ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ထုတ္ျပန္ပါတယ္။ေဖာင္ေဒးရွင္းက အလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒါက္တာသန႔္ေသာ္ေကာင္း အမႈေဆာင္ၫႊန္ၾကားေရးမႉး ဦးမိုးေဇာ္ဦးတို႔က ရန္ကုန္ၿမိဳ႕ရွိ- ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးမင္းသူဆီကို ဒီေန႔မွာ လႊဲေျပာင္းလႉဒါန္းေပးခဲ့တာျဖစ္ပါတယ္။

ကိုဗစ္ ကာကြယ္ေဆးဝယ္ယူရရွိေရး ရန္ပုံေငြအတြက္ ျပည္တြင္း ၊ ျပည္ပက ေစတနာရွင္ အလႉရွင္ေတြရဲ႕ စုေပါင္းအလႉအျဖစ္ ဇန္နဝါရီ ၁၂ရက္က ပထမအႀကိမ္လႉဒါန္းေငြ က်ပ္သိန္း ၂ေထာင္ ၊ ဇန္နဝါရီ ၁၅ ရက္က ဒုတိယအႀကိမ္ က်ပ္သိန္း ၃ ေထာင္ ၊ တတိယအႀကိမ္ထိ စုစုေပါင္းက်ပ္သိန္း ၁ ေသာင္း ၅ ေထာင္တိတိ လႉဒါန္းထားတယ္လို႔သိရပါတယ္။ျမန္မာႏိုင္ငံအေနနဲ႔ကိုဗစ္ကာကြယ္ေဆး ဝယ္ယူရရွိေရး အတြက္ အိႏၵိယႏိုင္ငံ ကေန ကာကြယ္ေဆး အလုံးေရ သန္း ၃၀ မွာယူထားတာပဲျဖစ္ပါတယ္။

crd…..အိုင္းရစ္ ေရးသားသည္။

Leave a Reply

Your email address will not be published. Required fields are marked *