ကိုဗစ္-၁၉ ကပ္ေရာဂါ အား တိုက္ဖ်က္ႏိုင္ ေရး အတြက္အိုင္အမ္အက္ဖ္ မွ ျမန္မာအား ေဒၚလာ ၃၅၀ သန္း ထုတ္ေခ်းၿပီ
ကိုဗစ္-၁၉ ကပ္ေရာဂါ အား တိုက္ဖ်က္ႏိုင္ ေရး အတြက္အိုင္အမ္အက္ဖ္ မွ ျမန္မာအား ေဒၚလာ ၃၅၀ သန္း ထုတ္ေခ်းၿပီကိုဗစ္-၁၉ ကပ္ေရာဂါ အား တိုက္ဖ်က္ႏိုင္ ေရး အတြက္ ႏိုင္ငံတကာ ေငြေၾကး ရံပုံေငြ ဘုတ္ အဖြဲ႕မွ ျမန္မာအား ေဒၚလာ သန္း ၃၅၀ အား အျမန္ ထုတ္ေခ်းသြားရန္ ယေန႔ အတည္ျပဳလိုက္ၿပီ ျဖစ္သည္။ ယခုအႀကိမ္သည္ ဒုတိယေျမာက္ ထုတ္ ေခ်းျခင္း ျဖစ္ၿပီး ၂၀၂၀ ဇြန္လ အတြင္း ကလည္း အလားတူ ေဒၚလာ ၃၆၅.၅ သန္း ထုတ္ေခ်းခဲ့ၿပီး ျဖစ္သည္။ကိုဗစ္-၁၉ ဒုတိယလႈိင္းေၾကာင့္ ထိခိုက္ နစ္နာခဲ့ရမႉမ်ား အတြက္ ေငြေရးေၾကးေရး တြင္ ခုသာခံသာရွိေအာင္ အကူအညီေပး ျခင္းလည္း ျဖစ္သည္။ ထိုသို႔ ေခ်းငွားႏိုင္ရန္ ျမန္မာ၏ စီးပြားေရး အေနအထားကို IMF ၏ လက္ေထာက္ အမႈေဆာင္ ဒါ႐ိုက္တာ မစ္ဆူဟီ႐ို ဖူ႐ူဆာဝါက ယခုလို သုံးသပ္ျပခဲ့သည္။
ျမန္မာသည္ ယမန္ႏွစ္က ဘ႑ာေရးႏွင့္ အေရးေပၚ ေငြေၾကးေထာက္ပံ့ေရး ႏွင့္ စီးပြားေရး အစီအစဥ္မ်ားပါသည့္ Covid-19 Economic Relief Plan (CERP) ကို ခ်မွတ္ေဆာင္႐ြက္ခဲ့ၿပီး၊ ထို႔ေနာက္တြင္လည္း စီးပြားေရး ျပန္လည္ ဦး ေမာ့ေရး ႏွင့္ ျပဳျပင္ေျပာင္းလဲေရး အစီ အစဥ္ Myanmar Economic Resilience and Reform Plan (MERRP) ကို ခ်မွတ္လာၿပီး က်န္းမာေရး အသုံးစရိတ္ တိုးျမႇင့္ သုံးစြဲေရး ႏွင့္ အခြန္ေပးေဆာင္မႈ သက္သာေစေရး ႏွင့္ လိုအပ္ေနေသာ အိမ္ေထာင္စုမ်ား အား ေငြေၾကး ေထာက္ပံ့ေပးေရး အစီအမံမ်ား ျပဳလုပ္လာခဲ့သည္။
ျမန္မာ၏ လက္ရွိ က်င့္သုံးေနေသာ ေငြ ေၾကးမူဝါဒသည္ သင့္တင့္ေလ်ာက္ပတ္မႉ ရွိၿပီး ေငြေၾကးသည္လည္း အေလ်ာ့အတင္း ျပဳလုပ္ႏိုင္စြမ္း ရွိေနသည္။ ထို႔အျပင္ ဘဏ္မ်ား၏ စြမ္းေဆာင္ရည္ မ်ားကို စနစ္တက်ေလ့လာစီစစ္သြားရန္ လည္း ျပင္ဆင္ထားၿပီး ျဖစ္သည္ အစရွိ သည္ တို႔ကို အက်ယ္တဝင့္ သုံးသပ္ျပသြားခဲ့သည္။ေငြေၾကးသုံးစြဲမႈ မ်ားအား ပြင့္လင္း ျမင္သာစြာ ေဆာင္႐ြက္ႏိုင္ခဲ့မႈ ကိုလည္း ခ်ီးက်ဳးသြားခဲ့ျပန္သည္။ ထိုသို႔ IMF က ခ်ီးၾကဴးရသည့္အထိ ယုံၾကည္မႈ ရွိေအာင္ အစိုးရမွ အေမွ်ာ္အျမင္ရွိရွိျဖင့္ စြမ္းေဆာင္ႏိုင္ခဲ့၍ သာ ယခုလို ေခ်းေငြ ေတာင္းခံမႈကို အလ်င္အျမန္ အတည္ျပဳေပးခဲ့ျခင္း လည္း ျဖစ္ေပသည္။
IMF ၏ ေခ်းေငြမ်ားကို စီးပြားေရးလုပ္ ငန္းမ်ား ထိခိုက္လာ၍ ဝင္ေငြခြန္က်ဆင္းလာ ေသာ္လည္း တိုးျမႇင့္ သုံးစြဲရန္ ရွိေနေသာ လူမႈေရး အသုံးစရိတ္မ်ား အတြက္ အေထာက္အကူ ရေစရန္ ႏွင့္ ျပည္ပႏိုင္ငံ မ်ားမွ အလြန္အကြၽံ ေခ်းငွားရမႈ မ်ား ေလ်ာ့နည္းသြားရန္ IMF က ရည္႐ြယ္သည္ ဟု ဆိုသည္။
ကိုးကား- IMF Press Release
CRD_Hla Soewai
unicode
ကိုဗစ်-၁၉ ကပ်ရောဂါ အား တိုက်ဖျက်နိုင် ရေး အတွက်အိုင်အမ်အက်ဖ် မှ မြန်မာအား ဒေါ်လာ ၃၅၀ သန်း ထုတ်ချေးပြီကိုဗစ်-၁၉ ကပ်ရောဂါ အား တိုက်ဖျက်နိုင် ရေး အတွက် နိုင်ငံတကာ ငွေကြေး ရံပုံငွေ ဘုတ် အဖွဲ့မှ မြန်မာအား ဒေါ်လာ သန်း ၃၅၀ အား အမြန် ထုတ်ချေးသွားရန် ယနေ့ အတည်ပြုလိုက်ပြီ ဖြစ်သည်။ ယခုအကြိမ်သည် ဒုတိယမြောက် ထုတ် ချေးခြင်း ဖြစ်ပြီး ၂၀၂၀ ဇွန်လ အတွင်း ကလည်း အလားတူ ဒေါ်လာ ၃၆၅.၅ သန်း ထုတ်ချေးခဲ့ပြီး ဖြစ်သည်။ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ထိခိုက် နစ်နာခဲ့ရမှူများ အတွက် ငွေရေးကြေးရေး တွင် ခုသာခံသာရှိအောင် အကူအညီပေး ခြင်းလည်း ဖြစ်သည်။ ထိုသို့ ချေးငှားနိုင်ရန် မြန်မာ၏ စီးပွားရေး အနေအထားကို IMF ၏ လက်ထောက် အမှုဆောင် ဒါရိုက်တာ မစ်ဆူဟီရို ဖူရူဆာဝါက ယခုလို သုံးသပ်ပြခဲ့သည်။
မြန်မာသည် ယမန်နှစ်က ဘဏ္ဍာရေးနှင့် အရေးပေါ် ငွေကြေးထောက်ပံ့ရေး နှင့် စီးပွားရေး အစီအစဉ်များပါသည့် Covid-19 Economic Relief Plan (CERP) ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး၊ ထို့နောက်တွင်လည်း စီးပွားရေး ပြန်လည် ဦး မော့ရေး နှင့် ပြုပြင်ပြောင်းလဲရေး အစီ အစဉ် Myanmar Economic Resilience and Reform Plan (MERRP) ကို ချမှတ်လာပြီး ကျန်းမာရေး အသုံးစရိတ် တိုးမြှင့် သုံးစွဲရေး နှင့် အခွန်ပေးဆောင်မှု သက်သာစေရေး နှင့် လိုအပ်နေသော အိမ်ထောင်စုများ အား ငွေကြေး ထောက်ပံ့ပေးရေး အစီအမံများ ပြုလုပ်လာခဲ့သည်။
မြန်မာ၏ လက်ရှိ ကျင့်သုံးနေသော ငွေ ကြေးမူဝါဒသည် သင့်တင့်လျောက်ပတ်မှူ ရှိပြီး ငွေကြေးသည်လည်း အလျော့အတင်း ပြုလုပ်နိုင်စွမ်း ရှိနေသည်။ ထို့အပြင် ဘဏ်များ၏ စွမ်းဆောင်ရည် များကို စနစ်တကျလေ့လာစီစစ်သွားရန် လည်း ပြင်ဆင်ထားပြီး ဖြစ်သည် အစရှိ သည် တို့ကို အကျယ်တဝင့် သုံးသပ်ပြသွားခဲ့သည်။ငွေကြေးသုံးစွဲမှု များအား ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်ခဲ့မှု ကိုလည်း ချီးကျုးသွားခဲ့ပြန်သည်။ ထိုသို့ IMF က ချီးကြူးရသည့်အထိ ယုံကြည်မှု ရှိအောင် အစိုးရမှ အမျှော်အမြင်ရှိရှိဖြင့် စွမ်းဆောင်နိုင်ခဲ့၍ သာ ယခုလို ချေးငွေ တောင်းခံမှုကို အလျင်အမြန် အတည်ပြုပေးခဲ့ခြင်း လည်း ဖြစ်ပေသည်။
IMF ၏ ချေးငွေများကို စီးပွားရေးလုပ် ငန်းများ ထိခိုက်လာ၍ ဝင်ငွေခွန်ကျဆင်းလာ သော်လည်း တိုးမြှင့် သုံးစွဲရန် ရှိနေသော လူမှုရေး အသုံးစရိတ်များ အတွက် အထောက်အကူ ရစေရန် နှင့် ပြည်ပနိုင်ငံ များမှ အလွန်အကျွံ ချေးငှားရမှု များ လျော့နည်းသွားရန် IMF က ရည်ရွယ်သည် ဟု ဆိုသည်။
ကိုးကား- IMF Press Release
CRD_Hla Soewai