ဂ်ိဳးဘိုင္ဒန္ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္မီ လက္နက္ကိုင္ ဆႏၵျပမႈေတြ ေပၚေပါက္လာႏိုင္ေၾကာင္း FBI သတိေပး

ေ႐ြးေကာက္ပြဲအႏိုင္ရတဲ့ ဂ်ိဳးဘိုင္ဒန္ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္မီ အေမရိကန္တစ္ဝန္းမွာ လက္နက္ကိုင္ ဆႏၵျပမႈေတြ ေပၚေပါက္လာႏိုင္ေၾကာင္း FBI (Federal Bureau of Investigation) က သတိေပးလိုက္ပါတယ္။

ဇန္နဝါရီ ၂၀ ရက္ေန႔မွာ က်င္းပျပဳလုပ္မယ့္ ဂ်ိဳးဘိုင္ဒန္ရဲ႕ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုမႈ အခမ္းအနားကို ပစ္မွတ္ထားၿပီး လက္နက္ကိုင္အုပ္စုေတြက အေမရိကန္ျပည္နယ္ ၅၀ လုံးရဲ႕ လႊတ္ေတာ္အေဆာက္အအုံေတြနဲ႔ ဝါရွင္တန္ဒီစီမွာ စု႐ုံးၾကရန္ စီစဥ္ေနေၾကာင္း သတင္းမ်ားရရွိထားတယ္လို႔ ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စု၏ၿမိဳ႕ေတာ္ကိုကာကြယ္ရန္ National Guard အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ အား ၀ ါရွင္တန္သို႔တပ္သား (၁၅၀၀၀) အထိေစလႊတ္ရန္အခြင့္အာဏာေပးထားၿပီး ဝါရွင္တန္အထိမ္းအမွတ္အေဆာက္အအုံကို ခရီးသြား ဧည့္သည္မ်ား၀င္ေရာက္ခြင့္ ကို ဇန္နဝါရီ ၂၄ ရက္ အထိ ပိတ္ပင္ထားပါတယ္။

“လုံၿခဳံေရး၊ ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးမ်ားကိုစေနေန႔တြင္ ၀ ါရွင္တန္တြင္တပ္ဖြဲ႕ဝင္ (၁၀၀၀၀) ခန႔္ ထားရွိမည္”ဟု အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ဗ်ဴ႐ိုအႀကီးအကဲဗိုလ္ခ်ဳပ္ႀကီး ‘ဒန္နီယယ္ဟာကိုဆန္’ ကသတင္းေထာက္မ်ားကိုေျပာၾကားခဲ့ပါတယ္။ေဒသခံအာဏာပိုင္မ်ားကေတာင္းဆိုလွ်င္အင္အား (၁၅၀၀၀) အထိတိုးႏိုင္တယ္လို႔သူကေျပာပါတယ္။

ေ႐ြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒန္ကေတာ့ အေမရိကန္လႊတ္ေတာ္အေဆာက္အအုံ အျပင္ဘက္မွာ က်မ္းသစၥာက်ိန္ဆိုရန္ ေၾကာက္႐ြံ႕မႈမရွိေၾကာင္း သတင္းေထာက္ေတြကို ယမန္ေန႔ က ေျပာခဲ့ပါတယ္။၂၀၂၀ သမၼတေ႐ြးေကာက္ပြဲမွာ ဂ်ိဳးဘိုင္ဒန္ အႏိုင္ရရွိမႈကို အတည္ျပဳရန္ ဇန္နဝါရီ ၆ ရက္ေန႔က ကြန္ဂရက္လႊတ္ေတာ္ အစည္းအ‌ေဝးက်င္းပစဥ္ ထရန႔္လိုလားသူေတြက လႊတ္ေတာ္အေဆာက္အအုံထဲသို႔ ဆူပူအၾကမ္းဖက္ စီးနင္းဝင္ေရာက္ခဲ့ၾကပါတယ္။ ထိုျဖစ္ရပ္အတြင္း ရဲအရာရွိတစ္ဦး အပါအဝင္ လူငါးဦး ေသဆုံးခဲ့ပါတယ္။

လႊတ္ေတာ္အေဆာက္အအုံကို ၎အားေထာက္ခံသူေတြက ဆူပူအၾကမ္းဖက္မႈနဲ႔ ဆက္စပ္ၿပီး ရာထူးသက္တမ္း ရက္ပိုင္းမွ်သာ က်န္ရွိေတာတဲ့ သမၼတထရန႔္ကို ဥပေဒအရ စြပ္စြဲျပစ္တင္ၿပီး ရာထူးမွဖယ္ရွားရန္ ဒီမိုကရက္တို႔က ေအာက္လႊတ္ေတာ္ (House of Representative) မွာ စတင္လုပ္ေဆာင္ေနပါတယ္။
Ref-Reuters
MyanmaPlatForm
Unicode

ရွေးကောက်ပွဲအနိုင်ရတဲ့ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ အမေရိကန်တစ်ဝန်းမှာ လက်နက်ကိုင် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း FBI (Federal Bureau of Investigation) က သတိပေးလိုက်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ဂျိုးဘိုင်ဒန်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားကို ပစ်မှတ်ထားပြီး လက်နက်ကိုင်အုပ်စုတွေက အမေရိကန်ပြည်နယ် ၅၀ လုံးရဲ့ လွှတ်တော်အဆောက်အအုံတွေနဲ့ ဝါရှင်တန်ဒီစီမှာ စုရုံးကြရန် စီစဉ်နေကြောင်း သတင်းများရရှိထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၏မြို့တော်ကိုကာကွယ်ရန် National Guard အမျိုးသားအစောင့်တပ်ဖွဲ့ အား ၀ ါရှင်တန်သို့တပ်သား (၁၅၀၀၀) အထိစေလွှတ်ရန်အခွင့်အာဏာပေးထားပြီး ဝါရှင်တန်အထိမ်းအမှတ်အဆောက်အအုံကို ခရီးသွား ဧည့်သည်များဝင်ရောက်ခွင့် ကို ဇန်နဝါရီ ၂၄ ရက် အထိ ပိတ်ပင်ထားပါတယ်။

“လုံခြုံရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးများကိုစနေနေ့တွင် ၀ ါရှင်တန်တွင်တပ်ဖွဲ့ဝင် (၁၀၀၀၀) ခန့် ထားရှိမည်”ဟု အမျိုးသားအစောင့်တပ်ဖွဲ့ဗျူရိုအကြီးအကဲဗိုလ်ချုပ်ကြီး ‘ဒန်နီယယ်ဟာကိုဆန်’ ကသတင်းထောက်များကိုပြောကြားခဲ့ပါတယ်။ဒေသခံအာဏာပိုင်များကတောင်းဆိုလျှင်အင်အား (၁၅၀၀၀) အထိတိုးနိုင်တယ်လို့သူကပြောပါတယ်။

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကတော့ အမေရိကန်လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ ကျမ်းသစ္စာကျိန်ဆိုရန် ကြောက်ရွံ့မှုမရှိကြောင်း သတင်းထောက်တွေကို ယမန်နေ့ က ပြောခဲ့ပါတယ်။၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော် အစည်းအ‌ဝေးကျင်းပစဉ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံထဲသို့ ဆူပူအကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။

လွှတ်တော်အဆောက်အအုံကို ၎င်းအားထောက်ခံသူတွေက ဆူပူအကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ရာထူးသက်တမ်း ရက်ပိုင်းမျှသာ ကျန်ရှိတောတဲ့ သမ္မတထရန့်ကို ဥပဒေအရ စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားရန် ဒီမိုကရက်တို့က အောက်လွှတ်တော် (House of Representative) မှာ စတင်လုပ်ဆောင်နေပါတယ်။
Ref-Reuters
MyanmaPlatForm

Leave a Reply

Your email address will not be published. Required fields are marked *