စိုးရိမ်စရာ တရုတ်ကိုဗစ်ဆေးသတင်း(တရုတ်ကိုဗစ်ဆေး Sinovac ရဲ့ အကျိုးထိရောက်မှုဟာ အရင်တွေ့ခဲတဲ့ ၅၀% ထက်တောင်မှ နည်းနေသေးတာကို တွေ့နေရပြီလို့ ဘရာဇီးဆေးသုတေသနအဖွဲ့က ထုတ်ပြန်ကြေငြာ)

Ref: SCMP
Ref: SCMP
Unicode
တရုတ်ကိုဗစ်ဆေး Sinovac ရဲ့ အကျိုးထိရောက်မှုဟာ အရင်တွေ့ခဲတဲ့ ၅၀% ထက်တောင်မှ နည်းနေသေးတာကို တွေ့နေရပြီလို့ ဘရာဇီးဆေးသုတေသနအဖွဲ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
သူ့ပြည်သူတွေကိုလည်း တရုတ်ဖက်ကကြေငြာခဲ့တဲ့ တူရကီမှာ ၉၀% နဲ့ အင်ဒိုနီးရှားမှာ ၆၃.၅% အောင်တယ်ဆိုတာတွေကို နားမယောင်ကြဖို့ရာ အကြံပေးတိုက်တွန်းခဲ့ပါတယ်။ ထူးခြားတာက တရုတ်ဟာဘာလို့ သူ့ပြည်မှာမစမ်းသပ်ဘဲ ဘရာဇီး၊ တူရကီနဲ့ အင်ဒိုနီးရှားကလူနာတွေမှာပဲ သူ့ဆေးကိုစမ်းသပ်ခဲ့ကြတာလဲ။ အဲဒီ ၃ နိုင်ငံဟာ ကမ္ဘာ့အဆိုးဆုံးကိုဗစ်ကူးစက်ခံကြရတဲ့အထဲပါလို့ အလွယ်ရတဲ့ တရုတ်ဆေးကို ရလိုရညားလက်ခံကာ သူတို့လူနာတွေနဲ့ စမ်းသပ်ခဲ့ကြပုံရပါတယ်။
ဝင်လာတဲ့ဆေးသစ်တွေအပေါ်မှာ သုတေသနလုပ်ဆောင်မှု မရှိသလောက်အားနည်းတဲ့ မြန်မာအစိုးရအနေနဲ့ တရုတ်ဆေးတွေအပေါ် ပြည်သူတွေရဲ့အကျိုးငှါ အထူးသတိထားသင့်လှပါတယ်။
Ref: SCMP