ထရမ့္အေကာင့္ကို ပိတ္သိမ္းမႈေနာက္ကြယ္က တြတ္တာ ၊ ေဖ့ဘုတ္တို႔၏ ဆုံးရႈံးမႈမ်ား…

တြစ္တာ ကုမၸဏီဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က အေမရိကန္ သမၼတထရမ့္ရအေကာင့္ကို အၿပီးတိုင္ ပိတ္ပင္လိုက္ၿပီးေနာက္မွာ ကုမၸဏီရဲ႕စေတာ့တန္ဘိုး ၁၂% က်ဆင္းသြားၿပီး ေဒၚလာ ၅ဘီလ်ံ ဆုံးရႈံးသြားခဲ့ပါတယ္။ဒီလိုပဲ သမၼတထရမ့္ရဲ႕ အေကာင့္ကို အကန႔္အသတ္မရွိပိတ္ပင္ထားတဲ့ FACEBOOK ကုမၸဏီရဲ႕ တန္ဘိုးဟာလဲ၄.၅% က်ဆင္းသြားၿပီး၊ ေဈးကြက္မွာ ရင္းႏွီးျမႇဳတ္ႏွံေငြ၃၃.၆ ဘီလ်ံ ပယ္ဖ်က္သြားၾကတယ္လို႔ ဆိုပါတယ္။သမၼတထရမ့္ရဲ႕ တြစ္တာအေကာင့္ဟာ ကမာၻတဝန္းကေဖာ္လိုဝါ ၈၈.၇သန္းထိ ရွိၿပီး၊ သမၼတထရမ့္ကို မဲေပးခဲ့တဲ့အေမရိကန္ျပည္သူေတြဟာ ၇၄.၂သန္းေက်ာ္ရွိတဲ့အတြက္ထရမ့္ကို ေထာက္ခံသူေတြက တြစ္တာကို မေက်မနပ္ ျဖစ္လာၾကမွာပါဘဲ။

တြစ္တာကို စိတ္ဆိုးသူေတြဟာ စြန႔္ခြာသြားၾကမွာ ျဖစ္တဲ့အတြက္တြစ္တာ ပရိတ္သတ္ေတြ ေလ်ာ့က်သြားမွာ ျဖစ္ပါတယ္။ဆန္ဖရန္စစၥကို အေျခစိုက္ တြစ္တာ ကုမၸဏီရဲ႕ လူမ်ားစု ပရိတ္သတ္ေတြဟာလစ္ဘရယ္ (လက္ဝဲယိမ္းသမား) ေတြ ျဖစ္တယ္။ေဒၚနယ္ထရမ့္ဟာ ကမာၻ႔ လက္ယာစြန္းေတြရဲ႕ ဗဟိုခ်က္ ျဖစ္တယ္။ထရမ့္ကို ပိတ္ပင္ျခင္းဟာ လက္ယာစြန္း ကြန္ဆာေဗးတစ္ေတြကထိခိုက္ နာက်င္ေစတာမို႔ တြစ္တာ အသိုင္းအဝိုင္းထကြန္ဆာေဗးတစ္ အစုအၿပဳံလိုက္ ထြက္သြားၾကမွာ ျဖစ္ပါတယ္

။ေနာက္တဖန္ အေမရိကန္ရဲ႕ နည္းပညာ ကုမၸဏီႀကီးေတြျဖစ္တဲ့Google, YouTube, Instagram, FACEBOOK, Twitter စတဲ့နည္းပညာကုမၸဏီ ေတြက အေမရိကန္ရဲ႕ထိပ္ဆုံးကအာဏာပိုင္ သမၼတကို ပိတ္ပင္မႈေတြဟာ လြတ္လပ္စြာ ေျပာဆိုခြင့္ကိုၿခိမ္းေျခာက္မႈ၊ သမၼတတစ္ဦးရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္စိုးမႈကိုစိန္ေခၚမႈ ျဖစ္ေစတယ္ ဆိုတဲ့ အျမင္ေတြကလည္းတိုးတက္လာခဲ့ပါတယ္။

မၾကာခင္ သမၼတျဖစ္လာေတာ့မယ့္ ဂ်ိဳးဘိုင္ဒင္ အစိုးရအဖြဲ႕ကလည္းနည္းပညာကုမၸဏီႀကီးေတြကို အာ႐ုံစူးစိုက္မႈ ျပဳလုပ္လာၾကေတာ့မွာ ျဖစ္ပါတယ္။YouTube ဟာလည္း ထရမ့္ရဲ႕ အေကာင့္ကို အနည္းဆုံတစ္ပတ္ ပိတ္ပင္တဲ့ သတင္း ေတြ႕ရပါတယ္။The Daily Telegraph ရဲ႕ သတင္းအရ အေမရိကန္မွာFACEBOOK, twitter တို႔ရဲ႕ ထရမ့္အေပၚ ပိတ္ပင္တဲ့လုပ္ရပ္ေတြကိုမေက်နပ္တာေၾကာင့္ သူတို႔ရဲ႕ App ေတြကို စြန႔္ခြာၿပီး႐ုရွားႏိုင္ငံက Telegram မက္ဆင္ဂ်ာ App ကို အသုံးျပဳလာၾကပါတယ္။ဒါေၾကာင့္ ႐ုရွားမိတ္ ” Telegram ” messenger Application ဟာUS downloads chart စာရင္းမွာ ဒုတိယေနရာထိေအာင္ေနရာရလာခဲ့ေၾကာင္း သိရပါတယ္ဗ်ာ။

CRD_Sr.Than Lwin Ū

unicode

တွစ်တာ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် သမ္မတထရမ့်ရအကောင့်ကို အပြီးတိုင် ပိတ်ပင်လိုက်ပြီးနောက်မှာ ကုမ္ပဏီရဲ့စတော့တန်ဘိုး ၁၂% ကျဆင်းသွားပြီး ဒေါ်လာ ၅ဘီလျံ ဆုံးရှုံးသွားခဲ့ပါတယ်။ဒီလိုပဲ သမ္မတထရမ့်ရဲ့ အကောင့်ကို အကန့်အသတ်မရှိပိတ်ပင်ထားတဲ့ FACEBOOK ကုမ္ပဏီရဲ့ တန်ဘိုးဟာလဲ၄.၅% ကျဆင်းသွားပြီး၊ ဈေးကွက်မှာ ရင်းနှီးမြှုတ်နှံငွေ၃၃.၆ ဘီလျံ ပယ်ဖျက်သွားကြတယ်လို့ ဆိုပါတယ်။သမ္မတထရမ့်ရဲ့ တွစ်တာအကောင့်ဟာ ကမ္ဘာတဝန်းကဖော်လိုဝါ ၈၈.၇သန်းထိ ရှိပြီး၊ သမ္မတထရမ့်ကို မဲပေးခဲ့တဲ့အမေရိကန်ပြည်သူတွေဟာ ၇၄.၂သန်းကျော်ရှိတဲ့အတွက်ထရမ့်ကို ထောက်ခံသူတွေက တွစ်တာကို မကျေမနပ် ဖြစ်လာကြမှာပါဘဲ

တွစ်တာကို စိတ်ဆိုးသူတွေဟာ စွန့်ခွာသွားကြမှာ ဖြစ်တဲ့အတွက်တွစ်တာ ပရိတ်သတ်တွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ဆန်ဖရန်စစ္စကို အခြေစိုက် တွစ်တာ ကုမ္ပဏီရဲ့ လူများစု ပရိတ်သတ်တွေဟာလစ်ဘရယ် (လက်ဝဲယိမ်းသမား) တွေ ဖြစ်တယ်။ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့ လက်ယာစွန်းတွေရဲ့ ဗဟိုချက် ဖြစ်တယ်။ထရမ့်ကို ပိတ်ပင်ခြင်းဟာ လက်ယာစွန်း ကွန်ဆာဗေးတစ်တွေကထိခိုက် နာကျင်စေတာမို့ တွစ်တာ အသိုင်းအဝိုင်းထကွန်ဆာဗေးတစ် အစုအပြုံလိုက် ထွက်သွားကြမှာ ဖြစ်ပါတယ်။နောက်တဖန် အမေရိကန်ရဲ့ နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့Google, YouTube, Instagram, FACEBOOK, Twitter စတဲ့နည်းပညာကုမ္ပဏီ တွေက အမေရိကန်ရဲ့ထိပ်ဆုံးကအာဏာပိုင် သမ္မတကို ပိတ်ပင်မှုတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကိုခြိမ်းခြောက်မှု၊ သမ္မတတစ်ဦးရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုကိုစိန်ခေါ်မှု ဖြစ်စေတယ် ဆိုတဲ့ အမြင်တွေကလည်းတိုးတက်လာခဲ့ပါတယ်။

မကြာခင် သမ္မတဖြစ်လာတော့မယ့် ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့ကလည်းနည်းပညာကုမ္ပဏီကြီးတွေကို အာရုံစူးစိုက်မှု ပြုလုပ်လာကြတော့မှာ ဖြစ်ပါတယ်။YouTube ဟာလည်း ထရမ့်ရဲ့ အကောင့်ကို အနည်းဆုံတစ်ပတ် ပိတ်ပင်တဲ့ သတင်း တွေ့ရပါတယ်။The Daily Telegraph ရဲ့ သတင်းအရ အမေရိကန်မှာFACEBOOK, twitter တို့ရဲ့ ထရမ့်အပေါ် ပိတ်ပင်တဲ့လုပ်ရပ်တွေကိုမကျေနပ်တာကြောင့် သူတို့ရဲ့ App တွေကို စွန့်ခွာပြီးရုရှားနိုင်ငံက Telegram မက်ဆင်ဂျာ App ကို အသုံးပြုလာကြပါတယ်။ဒါကြောင့် ရုရှားမိတ် ” Telegram ” messenger Application ဟာUS downloads chart စာရင်းမှာ ဒုတိယနေရာထိအောင်နေရာရလာခဲ့ကြောင်း သိရပါတယ်ဗျာ။

CRD_Sr.Than Lwin Ū

Leave a Reply

Your email address will not be published. Required fields are marked *