ဘကုန္းတို႔၏ ေလေၾကာင္းရန္ကာကြယ္ေရးမွာ ေဒသတြင္းႏိုင္ငံေတြၾကား အင္အားနည္းပါးလ်က္ရွိေန

ဘင်္ဂလားဒေရှ့်နိုင်ငံဟာဆိုရင် Forces Goal-2030ကို အကောင်အထည်ဖော်နေပေမယ့်လို့ တိုက်လေယာဉ်ပိုင်းရော လေကာစနစ်တွေမှာ အားနည်းမှုတွေ ရှိနေတယ်လို့ Myanmar Defense Reviewရဲရေးသားချက်တွေအရ သိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံက လက်ရှိအသုံးပြုနေတဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ဟာ FM-90မစ်ဇိုင်းလက်နက်တွေဖြစ်ပါတယ်။ အဲဒီလက်နက်စနစ်တွေဟာ ၁၉၇၅ခုနှစ်က ပြည်သစ်နိုင်ငံက ၁၅ကီလိုမီတာအထိ အသုံးပြုခဲ့တဲ့ Grotaleတွေကို တရုတ်က မိတ္တူကူးထားတာဖြစ်ပါတယ်။

ဘင်္ဂလားဒေရှ့်မှာ FM-90တပ်ဖွဲ့၄ခုရှိပြီး စနစ်တစ်ခုမှာ ပါဝင်တဲ့လက်နက်ကတော့ ၃ခုဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေရှ့်မှာ လေကြောင်းကာကွယ်ရေးစနစ် ၁၂ခုသာရှိတယ်လို့ ဆိုရမယ့်အနေထားပါ။စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာနSIPRI ကတော့ ဘင်္ဂလားဒေရှ့်နိုင်ငံဟာ ၂၀၁၀-၁၁ခုနှစ်အတွင်း FM-90စနစ် ၂ခုနဲ့ မစ်ဇိုင်းလက်နက်၇၅ခုတို့ကို ဝယ်ယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ၂၀၁၅-၁၆ခုနှစ်မှာလည်း အဲဒီပမာဏအတိုင်း ဝယ်ယူခဲ့သေးတယ်လို့ဆိုပါတယ်။FN-6/16နဲ့ အဆင်း၁၀၀နဲ့အတူ HN-5MANPADSဒုံးစနစ် ၂၀ခန့်ကိုလည်း ဝယ်ယူခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေရှ့်လေကြောင်းရန်ကာကွယ်ရေးအတွက် ကြည်းတပ်မှာတာဝန်ထမ်းဆောင်နေတဲ့ အခြားသော လက်နက်အမျိုးအစားတွေကတော့ ၃၅မီလီမီတာ အမြွာအမြောက်တွေ၊ Type ၆၆/၇၄/၃၃မမ စက်သေနက်တွေ၊ Type ၅၉/၇၀မမစေနက်သေနက်င်္တေဖြစ်ပါတယ်။ ဒီလက်နက်တွေဟာ အနိမ့်ပျံသန်းလာတဲ့ ခြိမ်းခြောက်မှုတွေကိုသာ ကာကွယ်ပေးနိုင်ပြီး ထိရောက်မှုသိပ်ရှိလှတယ်လို့ မဆိုသာပါဘူး။ လေကြောင်းရန် ကာကွယ်ရေးအတွက် ဘကုန်းတွေ အတွက်ပြုနေတဲ့ FM-90စနစ်၁၂ခု၊ FN-6/16 MANPADS တွေကတော့ ဘင်္ဂလားဒေရှ့်ရဲ့ လေကြောင်းအခြေစိုက်စခန်းတွေနဲ့ ရေတပ်အခြေစိုက်စခန်းတို့လို အရေးပါတဲ့နေရာတွေကိုသာ ကာကွယ်နိုင်တယ်လို့ MDRကဆိုပါတယ်။ ဒါဟာဆိုရင် ဒေသတွင်းလေကာစနစ်တွေထဲမှာ စွမ်းဆောင်ရည်နိမ့်ကျတဲ့အခြေအနေလို့သာ ဆိုရတော့မှာဖြစ်ပါတယ်။

ချွတ်ချော်မှုရှိခဲ့ပါက မိမိရဲ့ဘာသာပြန်မှုအားနည်းချက်သာဖြစ်ပါကြောင်း။
မောင်ဉာဏ်မင်း(ဆားလင်းကြီး)

zawgyi

ဘဂၤလားေဒရွ႕္ႏိုင္ငံဟာဆိုရင္ Forces Goal-2030ကို အေကာင္အထည္ေဖာ္ေနေပမယ့္လို႔ တိုက္ေလယာဥ္ပိုင္းေရာ ေလကာစနစ္ေတြမွာ အားနည္းမႈေတြ ရွိေနတယ္လို႔ Myanmar Defense Reviewရဲေရးသားခ်က္ေတြအရ သိရပါတယ္။ ဘဂၤလားေဒရွ႕္ႏိုင္ငံက လက္ရွိအသုံးျပဳေနတဲ့ ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္စနစ္ဟာ FM-90မစ္ဇိုင္းလက္နက္ေတြျဖစ္ပါတယ္။ အဲဒီလက္နက္စနစ္ေတြဟာ ၁၉၇၅ခုႏွစ္က ျပည္သစ္ႏိုင္ငံက ၁၅ကီလိုမီတာအထိ အသုံးျပဳခဲ့တဲ့ Grotaleေတြကို တ႐ုတ္က မိတၱဴကူးထားတာျဖစ္ပါတယ္။

ဘဂၤလားေဒရွ႕္မွာ FM-90တပ္ဖြဲ႕၄ခုရွိၿပီး စနစ္တစ္ခုမွာ ပါဝင္တဲ့လက္နက္ကေတာ့ ၃ခုျဖစ္ပါတယ္။ ဒါေၾကာင့္ ဘဂၤလားေဒရွ႕္မွာ ေလေၾကာင္းကာကြယ္ေရးစနစ္ ၁၂ခုသာရွိတယ္လို႔ ဆိုရမယ့္အေနထားပါ။စေတာ့ဟုမ္းအျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးသုေတသနဌာနSIPRI ကေတာ့ ဘဂၤလားေဒရွ႕္ႏိုင္ငံဟာ ၂၀၁၀-၁၁ခုႏွစ္အတြင္း FM-90စနစ္ ၂ခုနဲ႔ မစ္ဇိုင္းလက္နက္၇၅ခုတို႔ကို ဝယ္ယူခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ ၂၀၁၅-၁၆ခုႏွစ္မွာလည္း အဲဒီပမာဏအတိုင္း ဝယ္ယူခဲ့ေသးတယ္လို႔ဆိုပါတယ္။FN-6/16နဲ႔ အဆင္း၁၀၀နဲ႔အတူ HN-5MANPADSဒုံးစနစ္ ၂၀ခန႔္ကိုလည္း ဝယ္ယူခဲ့ေသးတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဘဂၤလားေဒရွ႕္ေလေၾကာင္းရန္ကာကြယ္ေရးအတြက္ ၾကည္းတပ္မွာတာဝန္ထမ္းေဆာင္ေနတဲ့ အျခားေသာ လက္နက္အမ်ိဳးအစားေတြကေတာ့ ၃၅မီလီမီတာ အႁမြာအေျမာက္ေတြ၊ Type ၆၆/၇၄/၃၃မမ စက္ေသနက္ေတြ၊ Type ၅၉/၇၀မမေစနက္ေသနက္ေတၤျဖစ္ပါတယ္။ ဒီလက္နက္ေတြဟာ အနိမ့္ပ်ံသန္းလာတဲ့ ၿခိမ္းေျခာက္မႈေတြကိုသာ ကာကြယ္ေပးႏိုင္ၿပီး ထိေရာက္မႈသိပ္ရွိလွတယ္လို႔ မဆိုသာပါဘူး။ ေလေၾကာင္းရန္ ကာကြယ္ေရးအတြက္ ဘကုန္းေတြ အတြက္ျပဳေနတဲ့ FM-90စနစ္၁၂ခု၊ FN-6/16 MANPADS ေတြကေတာ့ ဘဂၤလားေဒရွ႕္ရဲ႕ ေလေၾကာင္းအေျခစိုက္စခန္းေတြနဲ႔ ေရတပ္အေျခစိုက္စခန္းတို႔လို အေရးပါတဲ့ေနရာေတြကိုသာ ကာကြယ္ႏိုင္တယ္လို႔ MDRကဆိုပါတယ္။ ဒါဟာဆိုရင္ ေဒသတြင္းေလကာစနစ္ေတြထဲမွာ စြမ္းေဆာင္ရည္နိမ့္က်တဲ့အေျခအေနလို႔သာ ဆိုရေတာ့မွာျဖစ္ပါတယ္။

ခြၽတ္ေခ်ာ္မႈရွိခဲ့ပါက မိမိရဲ႕ဘာသာျပန္မႈအားနည္းခ်က္သာျဖစ္ပါေၾကာင္း။
ေမာင္ဉာဏ္မင္း(ဆားလင္းႀကီး)

Leave a Reply

Your email address will not be published. Required fields are marked *