လြယ္ဂ်ယ္ဘက္မွာ တ႐ုတ္က နယ္စပ္ ၿခံစည္း႐ိုးခတ္တဲ့ကိစၥ ကခ်င္ျပည္နယ္အစိုးရက ကန္႔ကြက္စာ ေပးပို႔ထား

ျမန္မာ-တ႐ုတ္နယ္စပ္ ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္၊ လြယ္ဂ်ယ္ဘက္တြင္ တ႐ုတ္ႏိုင္ငံဘက္မွ နယ္စပ္ ၿခံစည္း႐ိုး ခတ္လာသည့္ ကိစၥႏွင့္ ပတ္သက္ၿပီး ကခ်င္ျပည္နယ္ အစိုးရက ျပည္ေထာင္စု အစိုးရကို ကန္႔ကြက္စာ ေပးပို႔ထားေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕႐ုံးမွ သိရသည္။

တ႐ုတ္ႏိုင္ငံဘက္က ျမန္မာ-တ႐ုတ္နယ္စပ္ ႏွစ္ႏိုင္ငံနယ္န္ိမိတ္ မွတ္တိုင္ (၄၉/၂)မွ နယ္စပ္မ်ဥ္း၏ (၁၀) မီတာ အတြင္းတြင္ ဆယ္ေပခန္႔ရွိသည့္ သံတိုင္းမ်ားစိုက္ထူ၍ ၿခံစည္း႐ိုးခတ္ခဲ့ၿပီး ႏိုင္ငံသေဘာ တူညီမႈ မရွိပဲ နယ္စပ္မ်ဥ္းအတြင္း ၿခံစည္း႐ိုးခတ္ျခင္းေၾကာင့္ ျမန္မာဘက္မွ ကန္႔ကြက္စာေပးပို႔ခဲ့ျခင္း ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ၫြန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က ဆိုသည္။

“ဒီဘက္ကေတာ့ ကန္႔ကြက္စာေတာ့ပို႔ထားတယ္။ ဒါေပမယ့္သူတို႔ရဲ႕နယ္နမိတ္နယ္စပ္မ်ဥ္းရဲ႕ဆယ္မီ တာသူတို႔ရဲ႕ နယ္နမိတ္အတြင္းထဲမွာကာတာ။ ျမန္မာဘက္ေတာ့ မေရာက္ဘူး။ အမွန္ကေတာ့ ဒီနယ္စပ္ မွာၿခံစည္း႐ိုးကာရင္ ႏွစ္ႏိုင္ငံသေဘာတူမွ ကာရတာေလ။ ႏိုင္ငံသေဘာတူမွ ခြင့္ျပဳမွကာရတာ။ သူတို႔နယ္စပ္မ်ဥ္းရဲ႕ဆယ္မီတာ ဆယ္မီတာဆိုတာက သုံးဆယ္သုံေပေလာက္ရွိတာေပါ့ အဲ့အတြင္းဘက္သူတို႔ နယ္နမိတ္ထဲမွာ ကာတာေပါ့ သို႔ေသာ္လည္း သူတို႔နယ္နမိတ္ထဲမွာကာေပမယ့္လည္း ႏိုင္ငံသေဘာတူ မွကာရတာ။” ဟု ျပည္နယ္အစိုးရၫြန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က ေျပာသည္။

တ႐ုတ္ႏိုင္ငံဘက္မွာ နယ္စပ္ၿခံစည္း႐ိုးခတ္ေနသည့္ အေျခအေနကို ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ဦးယဥ္မင္းထြန္းႏွင့္ တာဝန္ရွိသူမ်ားက ဇန္နဝါရီ (၁၀) ရက္ေန႔တြင္ သြားေရာက္ကြင္းဆင္းၾကည့္ရႈခဲ့ၿပီး ၿမိဳ႕နယ္က ေပးပို႔ လာသည့္ အေျခအေနအရ ကန႔္ကြက္စာကို (ဇန္နဝါရီ ၁၁)ေန႔တြင္ ေပးပို႔ထားေၾကာင္း သိရသည္။

“ကန္႔ကြက္တာကေတာ့ နယ္စပ္ကေနကန္႔ကြက္တာေပါ့ နယ္စပ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးတို႔၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမႉးတို႔က ကန္႔ကြက္တယ္ ကန္႔ကြက္တဲ့ အေၾကာင္းကို ကြၽန္ေတာ္တို႔က ျပည္ေထာင္စု အစိုးရအဖြဲ႕ကို တင္ထားပါတယ္”ဟု ၫြန္ၾကားေရးမႉးဦးေဇာ္ေဇာ္က ေျပာသည္။

အလားတူ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၃ ရက္ေန႔တြင္လည္း ျမန္မာ-တ႐ုတ္နယ္စပ္ လြယ္ဂ်ယ္ၿမိဳ႕တြင္ တ႐ုတ္ႏိုင္ငံဘက္မွ နယ္စပ္မွတ္တိုင္ (၅၀/၂)ႏွင့္ မွတ္တိုင္(၅၁/၂)ၾကားတို႔တြင္ တ႐ုတ္ႏိုင္ငံဘက္၌ ေျမာင္းတူးျခင္း လုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ ေၾကာင္း သိရသည္။
လြမ္းေအာင္
ဓါတ္ပုံ – ဗန္းေမာ္ပြင့္သစ္

Unicode

မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်ဘက်တွင် တရုတ်နိုင်ငံဘက်မှ နယ်စပ် ခြံစည်းရိုး ခတ်လာသည့် ကိစ္စနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရက ပြည်ထောင်စု အစိုးရကို ကန့်ကွက်စာ ပေးပို့ထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

တရုတ်နိုင်ငံဘက်က မြန်မာ-တရုတ်နယ်စပ် နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင် (၄၉/၂)မှ နယ်စပ်မျဉ်း၏ (၁၀) မီတာ အတွင်းတွင် ဆယ်ပေခန့်ရှိသည့် သံတိုင်းများစိုက်ထူ၍ ခြံစည်းရိုးခတ်ခဲ့ပြီး နိုင်ငံသဘော တူညီမှု မရှိပဲ နယ်စပ်မျဉ်းအတွင်း ခြံစည်းရိုးခတ်ခြင်းကြောင့် မြန်မာဘက်မှ ကန့်ကွက်စာပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ညွန်ကြားရေးမှူး ဦးဇော်ဇော်က ဆိုသည်။

“ဒီဘက်ကတော့ ကန့်ကွက်စာတော့ပို့ထားတယ်။ ဒါပေမယ့်သူတို့ရဲ့နယ်နမိတ်နယ်စပ်မျဉ်းရဲ့ဆယ်မီ တာသူတို့ရဲ့ နယ်နမိတ်အတွင်းထဲမှာကာတာ။ မြန်မာဘက်တော့ မရောက်ဘူး။ အမှန်ကတော့ ဒီနယ်စပ် မှာခြံစည်းရိုးကာရင် နှစ်နိုင်ငံသဘောတူမှ ကာရတာလေ။ နိုင်ငံသဘောတူမှ ခွင့်ပြုမှကာရတာ။ သူတို့နယ်စပ်မျဉ်းရဲ့ဆယ်မီတာ ဆယ်မီတာဆိုတာက သုံးဆယ်သုံပေလောက်ရှိတာပေါ့ အဲ့အတွင်းဘက်သူတို့ နယ်နမိတ်ထဲမှာ ကာတာပေါ့ သို့သော်လည်း သူတို့နယ်နမိတ်ထဲမှာကာပေမယ့်လည်း နိုင်ငံသဘောတူ မှကာရတာ။” ဟု ပြည်နယ်အစိုးရညွန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

တရုတ်နိုင်ငံဘက်မှာ နယ်စပ်ခြံစည်းရိုးခတ်နေသည့် အခြေအနေကို မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနှင့် တာဝန်ရှိသူများက ဇန်နဝါရီ (၁၀) ရက်နေ့တွင် သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပြီး မြို့နယ်က ပေးပို့ လာသည့် အခြေအနေအရ ကန့်ကွက်စာကို (ဇန်နဝါရီ ၁၁)နေ့တွင် ပေးပို့ထားကြောင်း သိရသည်။

“ကန့်ကွက်တာကတော့ နယ်စပ်ကနေကန့်ကွက်တာပေါ့ နယ်စပ်မြို့အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်အုပ်ချုပ် ရေးမှူးတို့က ကန့်ကွက်တယ် ကန့်ကွက်တဲ့ အကြောင်းကို ကျွန်တော်တို့က ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ထားပါတယ်”ဟု ညွန်ကြားရေးမှူးဦးဇော်ဇော်က ပြောသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့တွင်လည်း မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်မြို့တွင် တရုတ်နိုင်ငံဘက်မှ နယ်စပ်မှတ်တိုင် (၅၀/၂)နှင့် မှတ်တိုင်(၅၁/၂)ကြားတို့တွင် တရုတ်နိုင်ငံဘက်၌ မြောင်းတူးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
လွမ်းအောင်
ဓါတ်ပုံ – ဗန်းမော်ပွင့်သစ်

Leave a Reply

Your email address will not be published. Required fields are marked *