အကူအညီတွေလိုအပ်နေတဲ့ ကျောက်တော်က ရထားဘူတာစ စ်ေ ဘးရှောင် စခန်း
CRD – MyanmaPlatform
Unicode
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ရှိ လူဦးရေ ၇၀၀ ကျော်ရှိတဲ့ ရထားဘူတာစစ်ဘေးရှောင်စခန်းမှာ အကူအညီတွေ လိုအပ်နေပါတယ်။”အိမ်သာရယ်၊ထင်းရယ်၊ဆောင်းရာသီဆိုတော့ အနွေးထည်တွေလည်း လိုအပ်ပါတယ်။ ”လို့ တင်းမ ကျေးရွာက စစ်ဘေးရှောင်လာသူ မသန်းနုခိုင်က ပြောပါတယ်။
အဆိုပါစစ်ဘေးရှောင်စခန်းမှာ အိမ် ထောင်စု ၂၀၆စု၊ကျား ၃၀၀၊မ ၄၃၅ ၊စုစုပေါင်း ၇၃၅ ဦးရှိနေပေမယ့် အိမ် သာ ၁၂ လုံးသာရှိနေပြီး အမျိုးသား တွေနဲ့အမျိုးသမီးတွေဟာ အိမ်သာတွေကို အတူတူစုပေါင်းသုံး နေရတာမို့ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိဘူးလို့ဆိုပါ တယ်။
“ဘာအခက်အခဲရှိလဲဆိုတော့ စားဝတ်နေရေးရယ်၊ကျန်းမာရေးရယ်၊ပြီးတော့ ထင်းတွေဘာတွေလည်း အများဆုံး လိုအပ်နေပါတယ်။”လို့ စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ကိုသန်းရွှေက ဆိုပါတယ်။
ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စ ခန်းတွေကို အစိုးရဖက်က ရိက္ခာထော က်ပံ့ရေးအတွက် စခန်းရှိစစ်ဘေးရှောင်စာရင်းအမှန်ရရှိအောင် မြန်မာ့တပ်မ တော်၊မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊အထွေထွေအုပ်ချုပ်ရေးတို့က ပူးပေါင်းစစ်ဆေးမယ်လို့ ဇန်နဝါရီလ ၄ ရက်နေ့က စခန်းတွေကို စာထုတ်အသိပေးထားတယ်လို့စစ်ဘေးရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။
CRD – MyanmaPlatform