အဆိပ္သင့္ေစတဲ့ လက္နက္မ်ားနွင့္ ဇီဝလက္နက္စီမံကိန္းအတြက္ တ႐ုတ္က DNA ေတြ လိုက္စုေနဟု အေမရိကန္ ေရွ႕ေနတစ္ဦးဆို

အေဖက တ႐ုတ္၊ အေမက အေမရိကန္သူ ျဖစ္ၿပီး အေမရိကန္ႏိုင္ငံ နယူးဂ်ာစီ ျပည္နယ္မွာ ေမြးဖြားခဲ့တဲ့ ေရွ႕ေန၊ စာေရးဆရာ ျဖစ္တဲ့ ေဂၚဒြန္ခ်န္းက တ႐ုတ္ႏိုင္ငံဟာ ဇီဝ လက္နက္ေတြ ထုတ္ဖို႔ တစ္ကမာၻလုံးက လူေတြရဲ႕ DNA ေတြကို လိုက္လံ စုေဆာင္းေနတယ္လို႔ စြပ္စြဲခဲ့ပါတယ္။

The Coming Collapse of China ဆိုတဲ့စာအုပ္ ေရးသား ထုတ္ေဝခဲ့တဲ့ ေဂၚဒြန္ခ်ိန္းက လက္ရွိ ကိုဗစ္ – ၁၉ ေရာဂါပိုး ဆိုတာလည္း တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ ဓာတ္ခြဲခန္း တစ္ခုမွာ ေမြးျမဴထားရင္း ပ်ံ႕ႏွံ႔သြားခဲ့ရတာမို႔ သံသယ ႀကီးမားစြာ ထားဖို႔ေကာင္းတဲ့ သာဓက တစ္ခု ျဖစ္ေၾကာင္း၊

တ႐ုတ္ႏိုင္ငံဟာ ၂၀၂၅ ခုႏွစ္မွာ တစ္ကမာၻလုံးကို အုပ္စိုးႏိုင္မယ့္ Made in China 2025 စီမံကိန္းကို ခ်မွတ္ထားတဲ့ တိုင္းျပည္ ျဖစ္တာေၾကာင့္ ႏိုင္ငံျခားသားေတြရဲ႕ DNA ေတြကို ဒီႏွစ္ပိုင္းထဲ လိုက္လံ စုေဆာင္းေနၿပီး

DNA ကို သိရၿပီဆိုရင္ သတ္မွတ္ထားတဲ့ လူမ်ိဳးစု တစ္ခု ပ်က္စီးက်ရႈံး သြားေစႏိုင္တဲ့ ဇီဝလက္နက္၊ ဒါမွမဟုတ္ ဇီဝ ေရာဂါပိုးေတြကို ထုတ္လုပ္ၿပီး တိုက္ခိုက္လိမ့္မယ္လို႔ အေထာက္အထားေတြနဲ႔ Foxnews.com မွာ ပြင့္ပြင့္လင္းလင္း ေျပာသြားခဲ့ပါတယ္။

တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္ဟာ မၾကာေသးခင္က လုပ္ခဲ့တဲ့ G- 20 အစည္းအေဝးပြဲမွာ ကိုဗစ္ – ၁၉ ေၾကာင့္ ကမာၻလုံး ဆိုင္ရာ ကုန္စည္ ကူးသန္းမႈနဲ႔ ခရီးသြား စီးပြားေရး လုပ္ငန္းေတြ ဆက္လက္ၿပီး ရပ္တန႔္ ေနတာမ်ိဳး ျဖစ္လို႔ မရလို႔

ကမာၻလုံး ဆိုင္ရာ ကိုဗစ္ – ၁၉ ကင္းရွင္းေၾကာင္း က်န္းမာေရး ေထာက္ခံခ်က္ QR ကုတ္ စနစ္ကို သုံးဖို႔ တိုက္တြန္းခဲ့တာဟာ ႏိုင္ငံျခားသားေတြရဲ႕ ကိုယ္ေရး အခ်က္အလက္၊ က်န္းမာေရး အခ်က္အလက္ေတြကေန DNA ေတြကို စုေဆာင္းႏိုင္ဖို႔ အကြက္ဆင္တာပဲ ျဖစ္လိမ့္မယ္လို႔လည္း ေဂၚဒြန္ခ်န္းက ေထာက္ျပ ေျပာဆိုပါတယ္။

“ကို႐ိုနာ ဗိုင္းရပ္ဟာ ေနာက္ဆုံးေသာ ေရာဂါကပ္ေဘး မဟုတ္ေသးပါဘူး။ ဒီဗိုင္းရပ္ဟာ တ႐ုတ္ ႏိုင္ငံမွာ စတင္ ျဖစ္ေပၚလာတယ္။ ေနာက္လာမယ့္ ေရာဂါပိုးေတြက ပိုၿပီး ပ်ံ႕ႏွံ႔ႏႈန္း ျမန္မယ္။ ေသဆုံးႏႈန္း ပိုျမင့္မားဦးမွာပါ” လို႔ ေဂၚဒြန္ခ်န္းက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ သူတို႔ ႏိုင္ငံသားေတြကိုလည္း ထိန္းခ်ဳပ္ ဖိႏွိပ္ထားႏိုင္ေအာင္ DNA မွတ္တမ္းေတြ စုေဆာင္းေနတာလည္း ၾကာပါၿပီ။ ကမာၻမွာ သန္း ၈၀ ေက်ာ္တဲ့ လူေတြရဲ႕ DNA ေတြကို အခ်က္အလက္ စုေဆာင္းထားၿပီးသား ျဖစ္တဲ့ တ႐ုတ္ ႏိုင္ငံဟာ ကမာၻမွာ DNA database အမ်ားဆုံး စုေဆာင္းထားႏိုင္တဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။

ဒီလို စုေဆာင္း ထားႏိုင္ျခင္းကေန သူတို႔ဟာ DNA တူတဲ့ ႏိုင္ငံသား (ဥပမာ ေျပာရရင္ အဓိကပစ္မွတ္ ျဖစ္ႏိုင္တဲ့ အေမရိကန္) ေတြကို အဓိက ပစ္မွတ္ထားတဲ့ ဇီဝလက္နက္၊ ဒါမွမဟုတ္ ဇီဝေရာဂါပိုးေတြကို ထုတ္လုပ္ၿပီး တိုက္ခိုက္ႏိုင္ဖို႔ ႀကံစည္ေနတာ ျဖစ္တယ္။

အေမရိကန္ ကုမၸဏီႀကီး ေတြဆီကေန DNA အခ်က္အလက္ေတြကို ဝယ္ယူေနခဲ့ တာလည္း ကာလ အေတာ္ၾကာၿပီ ျဖစ္ရာမွာ ၂၀၁၅ ခုႏွစ္ ကဆိုရင္ အေမရိကန္ ႏိုင္ငံရဲ႕ ဒုတိယ အႀကီးမားဆုံး က်န္းမာေရး အာမခံ ကုမၸဏီ Anthem ထံကေန တ႐ုတ္ ႏိုင္ငံသား ႏွစ္ဦးက က်န္းမာေရး ပ႐ိုဖိုင္း မ်ားစြာပါတဲ့ အခ်က္အလက္ေတြကို Hack ၿပီး ခိုးယူခဲ့မႈကို ၾကည့္ ရင္

အေမရိကန္ အေနနဲ႔ ေၾကာက္စရာ အေကာင္းဆုံး ရန္သူဟာ တ႐ုတ္ ျဖစ္တယ္လို႔ ေဂၚဒြန္ခ်န္းက ဆိုလိုက္ပါတယ္။

“သူတို႔ လုပ္ေနတဲ့အရာေတြက သူတို႔ေျပာတဲ့ အတိုင္း လုပ္ေနၾကတာပဲေလ။

အခု တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာ ဗိုင္းရပ္ ကာကြယ္ ေဆး ျဖစ္လာမယ့္ ေဆးငါးမ်ိဳးထက္ မနည္းရွိတယ္။ အားလုံးက အဆင့္ (၃) စမ္းသပ္မႈ ေတြကိုလည္း လုပ္ၿပီးေနၿပီ။ ဘရာဇီး၊ တူရကီ၊ ေမာ္႐ိုကိုနဲ႔ ယူေအအီး အပါအဝင္ ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံမွာ ေနာက္ဆုံးအဆင့္ စမ္းသပ္ေဆးေတြကိုလည္း ထုတ္ေရာင္းထားၿပီးၿပီ။

ေပက်င္း အစိုးရဟာ ဒီကာကြယ္ေဆး ထုတ္လုပ္မႈမွာလည္း ၾသဇာ လႊမ္းမိုးမႈကို ခ်ဲ႕ထြင္ဖို႔ လုပ္ေနခဲ့တာပဲ။

မင္းတို႔ကို ကာကြယ္ေဆး ေပးရမယ္ ဆိုရင္ မင္းတို႔က ငါတို႔ရဲ႕ ေဆးစမ္းသပ္မႈကို ခံရမယ္။

မင္းတို႔လူမ်ိဳးေတြ စမ္းသပ္မခံရင္ ငါတို႔က ကာကြယ္ေဆး မေပးႏိုင္ဘူး” ဆိုတဲ့ သေဘာမ်ိဳး လုပ္ထားတာပဲလို႔ ေဂၚဒြန္ခ်န္းက ဆက္လက္သုံးသပ္ ေျပာဆိုပါတယ္။

“တ႐ုတ္ႏိုင္ငံဟာ လူသားအားလုံးကို ထိခိုက္ေစတဲ့ ဇီဝလက္နက္ ဒါမွမဟုတ္ ဇီဝ ပိုးမႊားေတြကို ထုတ္လုပ္မွာ မဟုတ္ဘဲ သူတို႔ပစ္မွတ္ ထားခ်င္တဲ့ လူမ်ိဳးစု တစ္ခုကိုသာ ထိခိုက္ႏိုင္တဲ့ ဇီဝပိုးမႊား၊ လက္နက္ေတြကို ထုတ္ဖို႔ ဆယ္စုႏွစ္နဲ႔ ခ်ီတဲ့ စီမံကိန္း ခ်ထားတာေၾကာင့္ အေမရိကန္ အေနနဲ႔ အထူး သတိျပဳရမယ္လို႔ ခ်န္းကဆိုတယ္။

ကြၽန္ေတာ္တို႔ အေနနဲ႔ တ႐ုတ္ ႏိုင္ငံသား ဒါမွမဟုတ္ တ႐ုတ္နဲ႔ ေပါင္းထားတဲ့ မဟာမိတ္ေတြထံ ကိုယ့္ႏိုင္ငံသား DNA ေတြ ေရာက္မသြားဖို႔ အထူး သတိထားၾကရမယ္။

တ႐ုတ္ကို အေမရိကန္ အေနနဲ႔ ေျပာကိုေျပာရမယ့္ သတိေပးစကားက ဒီအေရးအတြက္ စုံစမ္း စစ္ေဆးခံမလား ဒါမွမဟုတ္ ငါတို႔ကို ဇီဝလက္နက္ ထိန္းခ်ဳပ္ေရး ညီလာခံမွာ ေရးထိုးထားတဲ့ သေဘာတူညီခ်က္ကေန ျပန္ႏုတ္ထြက္ ရမလား ဆိုတာပဲ” လို႔လည္း ေဂၚဒြန္ခ်န္းက သတိေပးစကား ဆိုခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံကေတာ့ ဒီစြပ္စြဲခ်က္ေတြကို ျငင္းဆိုထားပါတယ္။

ကို႐ိုနာ ဗိုင္းရပ္ဟာလည္း သူတို႔ ေမြးထားတဲ့ ဗိုင္းရပ္ မဟုတ္ဘူးလို႔ ျငင္းၿမဲ ျငင္းဆဲပါ။

တ႐ုတ္ဟာ ၁၉၈၄ ခုႏွစ္က ဇီဝနဲ႔ အဆိပ္သင့္ေစတဲ့ လက္နက္မ်ား မထုတ္လုပ္ေရး ညီလာခံမွာ စည္းကမ္းကို လိုက္နာၿပီး ဒါေတြမလုပ္ဖို႔ လက္မွတ္ထိုးခဲ့တဲ့ ႏိုင္ငံျဖစ္ပါတယ္။

ဒါေပမဲ့ တ႐ုတ္ဟာ ကမာၻႀကီးကို အုပ္စိုးႏိုင္ေရး အတြက္ DNA စုေဆာင္းမႈေတြကို လုပ္ေနတယ္လို႔ ေဂၚဒြန္ခ်န္းကေတာ့ အခုလို စြပ္စြဲသြားခဲ့ပါတယ္။

CRD_Real Power Online Media

Unicode

အဖေက တရုတ်၊ အမေက အမေရိကန်သူ ဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးဂျာစီ ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ရှေ့နေ၊ စာရေးဆရာ ဖြစ်တဲ့ ဂေါ်ဒွန်ချန်းက တရုတ်နိုင်ငံဟာ ဇီဝ လက်နက်တွေ ထုတ်ဖို့ တစ်ကမ္ဘာလုံးက လူတွေရဲ့ DNA တွေကို လိုက်လံ စုဆောင်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

The Coming Collapse of China ဆိုတဲ့စာအုပ် ရေးသား ထုတ်ဝေခဲ့တဲ့ ဂေါ်ဒွန်ချိန်းက လက်ရှိ ကိုဗစ် – ၁၉ ရောဂါပိုး ဆိုတာလည်း တရုတ်နိုင်ငံ ဝူဟန်မြို့ ဓာတ်ခွဲခန်း တစ်ခုမှာ မွေးမြူထားရင်း ပျံ့နှံ့သွားခဲ့ရတာမို့ သံသယ ကြီးမားစွာ ထားဖို့ကောင်းတဲ့ သာဓက တစ်ခု ဖြစ်ကြောင်း၊

တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ တစ်ကမ္ဘာလုံးကို အုပ်စိုးနိုင်မယ့် Made in China 2025 စီမံကိန်းကို ချမှတ်ထားတဲ့ တိုင်းပြည် ဖြစ်တာကြောင့် နိုင်ငံခြားသားတွေရဲ့ DNA တွေကို ဒီနှစ်ပိုင်းထဲ လိုက်လံ စုဆောင်းနေပြီး

DNA ကို သိရပြီဆိုရင် သတ်မှတ်ထားတဲ့ လူမျိုးစု တစ်ခု ပျက်စီးကျရှုံး သွားစေနိုင်တဲ့ ဇီဝလက်နက်၊ ဒါမှမဟုတ် ဇီဝ ရောဂါပိုးတွေကို ထုတ်လုပ်ပြီး တိုက်ခိုက်လိမ့်မယ်လို့ အထောက်အထားတွေနဲ့ Foxnews.com မှာ ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့ပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ မကြာသေးခင်က လုပ်ခဲ့တဲ့ G- 20 အစည်းအဝေးပွဲမှာ ကိုဗစ် – ၁၉ ကြောင့် ကမ္ဘာလုံး ဆိုင်ရာ ကုန်စည် ကူးသန်းမှုနဲ့ ခရီးသွား စီးပွားရေး လုပ်ငန်းတွေ ဆက်လက်ပြီး ရပ်တန့် နေတာမျိုး ဖြစ်လို့ မရလို့

ကမ္ဘာလုံး ဆိုင်ရာ ကိုဗစ် – ၁၉ ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံချက် QR ကုတ် စနစ်ကို သုံးဖို့ တိုက်တွန်းခဲ့တာဟာ နိုင်ငံခြားသားတွေရဲ့ ကိုယ်ရေး အချက်အလက်၊ ကျန်းမာရေး အချက်အလက်တွေကနေ DNA တွေကို စုဆောင်းနိုင်ဖို့ အကွက်ဆင်တာပဲ ဖြစ်လိမ့်မယ်လို့လည်း ဂေါ်ဒွန်ချန်းက ထောက်ပြ ပြောဆိုပါတယ်။

“ကိုရိုနာ ဗိုင်းရပ်ဟာ နောက်ဆုံးသော ရောဂါကပ်ဘေး မဟုတ်သေးပါဘူး။ ဒီဗိုင်းရပ်ဟာ တရုတ် နိုင်ငံမှာ စတင် ဖြစ်ပေါ်လာတယ်။ နောက်လာမယ့် ရောဂါပိုးတွေက ပိုပြီး ပျံ့နှံ့နှုန်း မြန်မယ်။ သေဆုံးနှုန်း ပိုမြင့်မားဦးမှာပါ” လို့ ဂေါ်ဒွန်ချန်းက ပြောပါတယ်။

တရုတ်နိုင်ငံဟာ သူတို့ နိုင်ငံသားတွေကိုလည်း ထိန်းချုပ် ဖိနှိပ်ထားနိုင်အောင် DNA မှတ်တမ်းတွေ စုဆောင်းနေတာလည်း ကြာပါပြီ။ ကမ္ဘာမှာ သန်း ၈၀ ကျော်တဲ့ လူတွေရဲ့ DNA တွေကို အချက်အလက် စုဆောင်းထားပြီးသား ဖြစ်တဲ့ တရုတ် နိုင်ငံဟာ ကမ္ဘာမှာ DNA database အများဆုံး စုဆောင်းထားနိုင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီလို စုဆောင်း ထားနိုင်ခြင်းကနေ သူတို့ဟာ DNA တူတဲ့ နိုင်ငံသား (ဥပမာ ပြောရရင် အဓိကပစ်မှတ် ဖြစ်နိုင်တဲ့ အမေရိကန်) တွေကို အဓိက ပစ်မှတ်ထားတဲ့ ဇီဝလက်နက်၊ ဒါမှမဟုတ် ဇီဝရောဂါပိုးတွေကို ထုတ်လုပ်ပြီး တိုက်ခိုက်နိုင်ဖို့ ကြံစည်နေတာ ဖြစ်တယ်။

အမေရိကန် ကုမ္ပဏီကြီး တွေဆီကနေ DNA အချက်အလက်တွေကို ဝယ်ယူနေခဲ့ တာလည်း ကာလ အတော်ကြာပြီ ဖြစ်ရာမှာ ၂၀၁၅ ခုနှစ် ကဆိုရင် အမေရိကန် နိုင်ငံရဲ့ ဒုတိယ အကြီးမားဆုံး ကျန်းမာရေး အာမခံ ကုမ္ပဏီ Anthem ထံကနေ တရုတ် နိုင်ငံသား နှစ်ဦးက ကျန်းမာရေး ပရိုဖိုင်း များစွာပါတဲ့ အချက်အလက်တွေကို Hack ပြီး ခိုးယူခဲ့မှုကို ကြည့် ရင်

အမေရိကန် အနေနဲ့ ကြောက်စရာ အကောင်းဆုံး ရန်သူဟာ တရုတ် ဖြစ်တယ်လို့ ဂေါ်ဒွန်ချန်းက ဆိုလိုက်ပါတယ်။

“သူတို့ လုပ်နေတဲ့အရာတွေက သူတို့ပြောတဲ့ အတိုင်း လုပ်နေကြတာပဲလေ။

အခု တရုတ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ကာကွယ် ဆေး ဖြစ်လာမယ့် ဆေးငါးမျိုးထက် မနည်းရှိတယ်။ အားလုံးက အဆင့် (၃) စမ်းသပ်မှု တွေကိုလည်း လုပ်ပြီးနေပြီ။ ဘရာဇီး၊ တူရကီ၊ မော်ရိုကိုနဲ့ ယူအေအီး အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ နောက်ဆုံးအဆင့် စမ်းသပ်ဆေးတွေကိုလည်း ထုတ်ရောင်းထားပြီးပြီ။

ပေကျင်း အစိုးရဟာ ဒီကာကွယ်ဆေး ထုတ်လုပ်မှုမှာလည်း သြဇာ လွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ လုပ်နေခဲ့တာပဲ။

မင်းတို့ကို ကာကွယ်ဆေး ပေးရမယ် ဆိုရင် မင်းတို့က ငါတို့ရဲ့ ဆေးစမ်းသပ်မှုကို ခံရမယ်။

မင်းတို့လူမျိုးတွေ စမ်းသပ်မခံရင် ငါတို့က ကာကွယ်ဆေး မပေးနိုင်ဘူး” ဆိုတဲ့ သဘောမျိုး လုပ်ထားတာပဲလို့ ဂေါ်ဒွန်ချန်းက ဆက်လက်သုံးသပ် ပြောဆိုပါတယ်။

“တရုတ်နိုင်ငံဟာ လူသားအားလုံးကို ထိခိုက်စေတဲ့ ဇီဝလက်နက် ဒါမှမဟုတ် ဇီဝ ပိုးမွှားတွေကို ထုတ်လုပ်မှာ မဟုတ်ဘဲ သူတို့ပစ်မှတ် ထားချင်တဲ့ လူမျိုးစု တစ်ခုကိုသာ ထိခိုက်နိုင်တဲ့ ဇီဝပိုးမွှား၊ လက်နက်တွေကို ထုတ်ဖို့ ဆယ်စုနှစ်နဲ့ ချီတဲ့ စီမံကိန်း ချထားတာကြောင့် အမေရိကန် အနေနဲ့ အထူး သတိပြုရမယ်လို့ ချန်းကဆိုတယ်။

ကျွန်တော်တို့ အနေနဲ့ တရုတ် နိုင်ငံသား ဒါမှမဟုတ် တရုတ်နဲ့ ပေါင်းထားတဲ့ မဟာမိတ်တွေထံ ကိုယ့်နိုင်ငံသား DNA တွေ ရောက်မသွားဖို့ အထူး သတိထားကြရမယ်။

တရုတ်ကို အမေရိကန် အနေနဲ့ ပြောကိုပြောရမယ့် သတိပေးစကားက ဒီအရေးအတွက် စုံစမ်း စစ်ဆေးခံမလား ဒါမှမဟုတ် ငါတို့ကို ဇီဝလက်နက် ထိန်းချုပ်ရေး ညီလာခံမှာ ရေးထိုးထားတဲ့ သဘောတူညီချက်ကနေ ပြန်နုတ်ထွက် ရမလား ဆိုတာပဲ” လို့လည်း ဂေါ်ဒွန်ချန်းက သတိပေးစကား ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ကိုရိုနာ ဗိုင်းရပ်ဟာလည်း သူတို့ မွေးထားတဲ့ ဗိုင်းရပ် မဟုတ်ဘူးလို့ ငြင်းမြဲ ငြင်းဆဲပါ။

တရုတ်ဟာ ၁၉၈၄ ခုနှစ်က ဇီဝနဲ့ အဆိပ်သင့်စေတဲ့ လက်နက်များ မထုတ်လုပ်ရေး ညီလာခံမှာ စည်းကမ်းကို လိုက်နာပြီး ဒါတွေမလုပ်ဖို့ လက်မှတ်ထိုးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်ဟာ ကမ္ဘာကြီးကို အုပ်စိုးနိုင်ရေး အတွက် DNA စုဆောင်းမှုတွေကို လုပ်နေတယ်လို့ ဂေါ်ဒွန်ချန်းကတော့ အခုလို စွပ်စွဲသွားခဲ့ပါတယ်။

CRD_Real Power Online Media

Leave a Reply

Your email address will not be published. Required fields are marked *