အီရန္တပ္ ၏ေလ့ က်င့္ခန္းျပဳလု ပ္စဥ္ေ ရငုပ္သေဘၤ ာတစ္စီးအားေ ထာက္လွ မ္းေတြ ႕ရွိခဲ့ျခင္း

အီ ရန်ရေ တပ် အနေဖြင့် Eqte dar ဟုအ မည်ပေးထ ားသောရေ တပ်စစ် ရေးလေ့ကျင့်ခ န်းအတွင်းပြင်ပ မှရေငုပ်သင်္ ဘောတစ်စီးအ ားထောက် လှမ်းနိုင်ခဲ့ကြောင်းအီရန်သတင်းဌာနများတွင် ဖော်ပြကြပါသည်။အဆိုပါ Eqtedar naval exercise အားအိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင်အီရန်စစ်ရေယာဉ်များဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။အီရန်သတင်းဌာနTasnim agency ၏အဆိုအရအီရန်ရေတပ်မှစစ်ရေယာဉ်များ၏လေ့ကျင့်ပစ်ခတ်ရေးဇုံ (drill zone)အ တွင်းလေ့ကျင့်မှုပြုလုပ်နေစဉ်ရေငုပ်သင်္ဘောမှထုတ်လွှင့်သည့် ရေဒီယိုလှိုင်းတစ်ခုအားစတင်ခြေရာခံနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ရေတပ်သုံး SH-3 Sea King ရဟတ်ယာဉ်များဖြင့်ပစ်မှတ် အားစတင်ထောက်လှမ်းမိခဲ့ပြီး၊နောက်ယောင်ခံလိုက်နိုင်ခဲ့ကြောင်း၊အဆိုပါရန်သူ့ရေငုပ်သင်္ဘောသည်အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းရှိ war game zone အနီးသို့ချဉ်းကပ်ရန်ရည်ရွယ် ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဖြင့်အီရန်ရေတပ်ကသတင်းထုတ်ပြန်ထားပါတယ်ထို့နောက်အီရန်ရေတပ်ရဟတ်ယာဉ်မှအဆိုပါအမျိုးအမည်မသိရေငုပ်သင်္ဘောအားလေ့ကျင့်ခန်းပြုလုပ်ရာ drill zone မှခပ်ဝေးဝေးနေရန်သတိပေးမှုများပြုလုပ်ခဲ့ကြောင်းသတင်းမှာဆက်လက်ဖော်ပြထားပါတယ်။

အဆိုပါရေငုပ်သင်္ဘောသည်အမေရိကန်ရေတပ်မှနူကလီးယားစွမ်းအင်သုံးပဲ့ထိန်းဒုံးပျံတင်ရေငုပ်သင်္ဘော Ohio-class အ တန်းအစား USS Georgia (SSGN 729) ဖြစ်နိုင်ကြောင်းအီရန်ဘက်ကပြောဆိုထားပါတယ်USS Georgia (SSGN 729) အနေဖြင့်၂၀၂၀ ခုနှစ်၊ဒီဇင်ဘာ လ ၂၁ ရက်နေ့က Guided-missile cruisers USS Port Royal (CG 73)၊USS Philippine Sea (CG 58)တို့နှင့်အတူဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ပါရှန်ပင်လယ်ကွေ့သို့ဝင် ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

ရေငုပ်သင်္ဘောအနေဖြင့်အီရန်ရေတပ်လေ့ကျင့်ခန်းဧရိယာအနီးသို့စုံစမ်းထောက်လှမ်းရန်ရည်ရွယ်ချက်ဖြင့်လာရောက်ခဲ့ခြင်းဖြစ်နိုင်ပြီး၊ပယ်ရီစကုပ်ရေအနက်ဖြင့်မောင်းနှင်နေစဉ် ထောက်လှမ်းမိခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်ရေတပ်ဘက်မှအဆိုပါအဖြစ်အပျက်နှင့်ပတ်သက် ၍ယခုအချိန်ထိတစ်စုံတစ်ရာတုန့်ပြန်ပြောဆိုခြင်းမရှိသေးပေ။

Source: Naval News

zawgyi

အီရန္ေရတပ္အေနျဖင့္ Eqtedar ဟုအမည္ေပးထားေသာေရတပ္စစ္ေရးေလ့က်င့္ခန္းအတြင္းျပင္ပမွေရငုပ္သေဘၤာတစ္စီးအားေထာက္လွမ္းႏိုင္ခဲ့ေၾကာင္းအီရန္သတင္းဌာနမ်ားတြင္ ေဖာ္ျပၾကပါသည္။အဆိုပါ Eqtedar naval exercise အားအိႏၵိယသမုဒၵရာေျမာက္ပိုင္းတြင္အီရန္စစ္ေရယာဥ္မ်ားျဖင့္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါတယ္။အီရန္သတင္းဌာနTasnim agency ၏အဆိုအရအီရန္ေရတပ္မွစစ္ေရယာဥ္မ်ား၏ေလ့က်င့္ပစ္ခတ္ေရးဇုံ (drill zone)အ တြင္းေလ့က်င့္မႈျပဳလုပ္ေနစဥ္ေရငုပ္သေဘၤာမွထုတ္လႊင့္သည့္ ေရဒီယိုလႈိင္းတစ္ခုအားစတင္ေျခရာခံႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ေရတပ္သုံး SH-3 Sea King ရဟတ္ယာဥ္မ်ားျဖင့္ပစ္မွတ္ အားစတင္ေထာက္လွမ္းမိခဲ့ၿပီး၊ေနာက္ေယာင္ခံလိုက္ႏိုင္ခဲ့ေၾကာင္း၊အဆိုပါရန္သူ႔ေရငုပ္သေဘၤာသည္အိႏၵိယသမုဒၵရာေျမာက္ပိုင္းရွိ war game zone အနီးသို႔ခ်ဥ္းကပ္ရန္ရည္႐ြယ္ ခ်က္ရွိရွိလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းျဖင့္အီရန္ေရတပ္ကသတင္းထုတ္ျပန္ထားပါတယ္ထို႔ေနာက္အီရန္ေရတပ္ရဟတ္ယာဥ္မွအဆိုပါအမ်ိဳးအမည္မသိေရငုပ္သေဘၤာအားေလ့က်င့္ခန္းျပဳလုပ္ရာ drill zone မွခပ္ေဝးေဝးေနရန္သတိေပးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသတင္းမွာဆက္လက္ေဖာ္ျပထားပါတယ္။

အဆိုပါေရငုပ္သေဘၤာသည္အေမရိကန္ေရတပ္မွႏူကလီးယားစြမ္းအင္သုံးပဲ့ထိန္းဒုံးပ်ံတင္ေရငုပ္သေဘၤာ Ohio-class အ တန္းအစား USS Georgia (SSGN 729) ျဖစ္ႏိုင္ေၾကာင္းအီရန္ဘက္ကေျပာဆိုထားပါတယ္USS Georgia (SSGN 729) အေနျဖင့္၂၀၂၀ ခုႏွစ္၊ဒီဇင္ဘာ လ ၂၁ ရက္ေန႔က Guided-missile cruisers USS Port Royal (CG 73)၊USS Philippine Sea (CG 58)တို႔ႏွင့္အတူေဟာ္မုဇ္ေရလက္ၾကားကိုျဖတ္၍ ပါရွန္ပင္လယ္ေကြ႕သို႔ဝင္ ေရာက္လာခဲ့ျခင္းျဖစ္ပါတယ္။

ေရငုပ္သေဘၤာအေနျဖင့္အီရန္ေရတပ္ေလ့က်င့္ခန္းဧရိယာအနီးသို႔စုံစမ္းေထာက္လွမ္းရန္ရည္႐ြယ္ခ်က္ျဖင့္လာေရာက္ခဲ့ျခင္းျဖစ္ႏိုင္ၿပီး၊ပယ္ရီစကုပ္ေရအနက္ျဖင့္ေမာင္းႏွင္ေနစဥ္ ေထာက္လွမ္းမိခဲ့ျခင္းျဖစ္ပါတယ္။အေမရိကန္ေရတပ္ဘက္မွအဆိုပါအျဖစ္အပ်က္ႏွင့္ပတ္သက္ ၍ယခုအခ်ိန္ထိတစ္စုံတစ္ရာတုန႔္ျပန္ေျပာဆိုျခင္းမရွိေသးေပ။

Source: Naval News

Leave a Reply

Your email address will not be published. Required fields are marked *