မြန်မာပြည်အတွက် ကိုဗစ်ကာကွယ်ဆေး သတင်းကောင်းတစ်ခု…






unicode

အိန္ဒိယက Oxford ကိုဗစ်ကာကွယ်ဆေးကိုဒီနေ့ဗုဒ္ဓဟူးနေ့ကစပြီးပြည်ပကိုတင်ပို့ပါမယ် မြန်မာနိုင်ငံဟာလည်း ဒီအပတ်ထဲမှာပဲဦးစားပေးအနေနဲ့ ပထမအသုတ်ကိုရရှိမယ်လို့ဆိုပါတယ်။Oxford -AstraZeneca ရဲ့ကာကွယ်ဆေး AZD1222 ကို အိန္ဒိယရှိ Serum Institute of Indiaကာကွယ်ဆေးစက်ရုံက COVISHIELD အနေနဲ့လိုင်စင်ခံထုတ်လုပ်ခဲ့တာပါ။Serum Institute of India ရဲ့ CEO က ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက Reuters ရိုက်တာသတင်းဌာနနဲ့အင်တာဗျူးမှာ ပြည်ပပို့ခွင့်မတ်လအထိပိတ်ထားတယ်ပြောခဲ့လို့ အားလုံးကစိုးရိမ်ခဲ့ကြဖူးပါတယ်။CEO Adar Poonawalla က ကာကွယ်ဆေးပြည်ပပို့ခွင့်ပိတ်ထားတယ်လို့ တရားဝင်ပြောကြားခဲ့ဖူးတာကြောင့် CNA, Reuters, yahoo ကစလို့သတင်းမီဒီယာတော်တော်များများ ဖော်ပြခဲ့ကြပါတယ်။အခုတော့ပြည်ပကို တင်ပို့ခွင့်ရတာကျိန်းသေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက Reuters ရိုက်တာသတင်းဌာနကိုသူတို့အနေနဲ့ WHO ရဲ့ အရေးပေါ်အသုံးပြုခွင့မကြာခင်ရမယ်လို့ မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။ဘာပဲပြောပြောအခုလို ယနေ့ကစပြီး ပြည်ပတင်ပို့တာဟာ မြန်မာပြည်နဲ့ ဝင်ငွေနည်းတဲ့နိုင်ငံတွေအတွက် သတင်းကောင်းဖြစ်ပါတယ်အခုဦးစားပေးတင်ပို့မယ့်နိုင်ငံတွေကတော့ – မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ 🇳🇵 နီပေါ၊ 🇸🇨 Seychelles တို့ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကသူတို့အတွက် လက်ဆောင်အဖြစ် နက်ဖြန်ကြာသပတေးနေ့မှာ doses ပေါင်း ၂ သန်းရမယ်လို့ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က လူဦးရေသန်းပေါင်း၁၆၀ အတွက်အခုလက်ဆောင်ရမယ့် ၂ သန်းအပြင် Serum Institute မှdoses သန်း ၃၀ ထပ်မှာထားပါတယ်ယနေ့အိန္ဒိယကစပို့မယ့် နိုင်ငံတွေကတော့အိမ်နီးချင်း 🇧🇹 ဘူတန်နဲ့ 🇲🇻 မော်ဒိစ်ကျွန်းနိုင်ငံတို့ပါ။Oxford -AstraZeneca ရဲ့ကာကွယ်ဆေးကိုလိုင်စင်ခံထုတ်ထားတဲ့ COVISHIELD ဟာသယ်ယူပို့ဆောင်ဖြန့်ဖြူးရတာလွယ်ကူပြီးဈေးလည်းသက်သာကာ အာနိသင်လည်းရှိတာကြောင့်ဝင်ငွေနည်းတဲ့နိုင်ငံတွေအတွက် လက်ရှိအနေအထားနဲအသင့်တော်ဆုံးဖြစ်ပါကြောင်း။

Richard Myo Thant (ဆရာအား လေးစားစွာ ခရက်ဒစ် ပေးပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *