ၿမိတ္ၿမိဳ႕တြင္ အသက္မျပည့္သည့္ မိန္းကေလးငယ္အား ဓာတ္ပုံ႐ိုက္ေပးမည္ေျပာကာ သားမယားအျဖစ္ ျပဳက်င့္ၿပီး အြန္လိုင္းတြင္ ဗီဒီယိုဖိုင္တင္ခဲ့သည့္ ဓာတ္ပုံဆရာမ်ားကို ခ်ိတ္ဆက္ေပးသူအား ထပ္မံဖမ္းဆီး

ၿမိတ္ၿမိဳ႕တြင္ အသက္မျပည့္သည့္ မိန္းကေလးငယ္အား ဓာတ္ပုံ႐ိုက္ေပးမည္ေျပာကာ သားမယား အျဖစ္ ျပဳက်င့္ၿပီး အြန္လိုင္းတြင္ ဗီဒီယိုဖိုင္တင္ခဲ့သည့္ ဓာတ္ပုံဆရာမ်ားကို ခ်ိတ္ဆက္ေပးသူအား ထပ္မံဖမ္းဆီး လိုက္ေၾကာင္း သိရသည္။

၁၄ ႏွစ္အ႐ြယ္ မိန္းကေလးငယ္အား ေမာ္ဒယ္ဓာတ္ပုံ႐ိုက္ေပးမည္ဟု စည္း႐ုံးသိမ္းသြင္းၿပီး လိင္ဆက္ဆံကာ ဗီဒီယိုဖိုင္႐ိုက္ကူးျခင္း၊ အြန္လိုင္းတင္တြင္ ဗီဒိုယိုဖိုင္တင္ခဲ့ျခင္း၊ မိန္းကေလးငယ္အား ဓာတ္ပုံ ဆရာမ်ား ႏွင့္ ခ်ိတ္ဆက္ေပးသူ မႏုႏုလႈိင္ (ခ) မယ္ႏုကိုၿမိတ္ၿမိ့နယ္ရဲတပ္ဖြဲ႕မွ ဇန္နဝါရီ ၁၂ ရက္တြင္ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

မႏုႏုလႈိင္ (ခ) မယ္ႏုမွာ သားမယား ျပဳက်င့္ခံရသူ မ…. ၏ ေနအိမ္တြင္ ဆိုင္အလုပ္သမား တစ္ဦးျဖစ္ၿပီး ျဖစ္စဥ္ျဖစ္ပြားသည့္ အခ်ိန္တြင္ အခန္းထဲရွိ ေရခ်ိဳးခန္းတြင္ ရွိေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရသည္။

“မိန္းကေလးကို သားမယားျပဳက်င့္ၿပီး ဗီဒီယို႐ိုက္ေနတဲ့ အခ်ိန္မွာ ဒီမိန္းမက ဟိုတယ္ေရခ်ိဳးခန္းထဲမွာ ရွိေနတယ္လို႔ သိရတယ္။ ကိစၥၿပီးတဲ့အခါ မႏုႏုလႈိင္ကလည္း လိင္ဆက္ဆံတာကိုလုပ္ၿပီး ဗီဒိီယိုအ႐ိုက္ခံတယ္၊ သူကိုယ္တိုင္ ပူးေပါင္းပါဝင္သလို အသက္မျပည့္ေသးတဲ့ မိန္းကေလးငယ္ကိုပါ ခ်ိတ္ဆက္ေပးတဲ့အတြက္ ဖမ္းဆီးၿပီး အေရးယူလိုက္ပါၿပီ’’ ဟု ၿမိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။

အသက္မျပည့္ေသးသည့္ မိန္းကေလးငယ္အား သားမယား ျပဳက်င့္ခဲ့သူမ်ားမွာ ၿမိတ္ခ႐ိုင္၊ ပုေလာၿမိဳ႕နယ္မွ ထက္ဝင္းၿဖိဳး(ခ)ကိုထက္ (ဓာတ္ပုံဆရာ)၊ မင္းခန႔္ထူး၊ ေအာင္မင္းခန႔္ (ဓာတ္ပုံဆရာ၏ တပည့္မ်ား) ျဖစ္ၿပီး ၄င္းတို႔ကို ၿမိတ္ၿမိဳ႕မရဲစခန္းမွ (ပ) ၁၇/၂၀၂၁၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၃/၃၇၆/၁၁၄ တို႔ျဖင့္ အမႈဖြင့္ ေဆာင္႐ြက္ခဲ့ကာ ဆက္လက္စစ္ေဆးခ်က္အရ ယခုကဲ့သို႔ ထပ္မံေပၚေပါက္လာျခင္း ျဖစ္ေၾကာင္း သိရသည္။

Unicode

မြိတ်မြို့တွင် အသက်မပြည့်သည့် မိန်းကလေးငယ်အား ဓာတ်ပုံရိုက်ပေးမည်ပြောကာ သားမယား အဖြစ် ပြုကျင့်ပြီး အွန်လိုင်းတွင် ဗီဒီယိုဖိုင်တင်ခဲ့သည့် ဓာတ်ပုံဆရာများကို ချိတ်ဆက်ပေးသူအား ထပ်မံဖမ်းဆီး လိုက်ကြောင်း သိရသည်။

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား မော်ဒယ်ဓာတ်ပုံရိုက်ပေးမည်ဟု စည်းရုံးသိမ်းသွင်းပြီး လိင်ဆက်ဆံကာ ဗီဒီယိုဖိုင်ရိုက်ကူးခြင်း၊ အွန်လိုင်းတင်တွင် ဗီဒိုယိုဖိုင်တင်ခဲ့ခြင်း၊ မိန်းကလေးငယ်အား ဓာတ်ပုံ ဆရာများ နှင့် ချိတ်ဆက်ပေးသူ မနုနုလှိုင် (ခ) မယ်နုကိုမြိတ်မြိ့နယ်ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၁၂ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မနုနုလှိုင် (ခ) မယ်နုမှာ သားမယား ပြုကျင့်ခံရသူ မ…. ၏ နေအိမ်တွင် ဆိုင်အလုပ်သမား တစ်ဦးဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်တွင် အခန်းထဲရှိ ရေချိုးခန်းတွင် ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

“မိန်းကလေးကို သားမယားပြုကျင့်ပြီး ဗီဒီယိုရိုက်နေတဲ့ အချိန်မှာ ဒီမိန်းမက ဟိုတယ်ရေချိုးခန်းထဲမှာ ရှိနေတယ်လို့ သိရတယ်။ ကိစ္စပြီးတဲ့အခါ မနုနုလှိုင်ကလည်း လိင်ဆက်ဆံတာကိုလုပ်ပြီး ဗီဒီယိုအရိုက်ခံတယ်၊ သူကိုယ်တိုင် ပူးပေါင်းပါဝင်သလို အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ကိုပါ ချိတ်ဆက်ပေးတဲ့အတွက် ဖမ်းဆီးပြီး အရေးယူလိုက်ပါပြီ’’ ဟု မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား သားမယား ပြုကျင့်ခဲ့သူများမှာ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှ ထက်ဝင်းဖြိုး(ခ)ကိုထက် (ဓာတ်ပုံဆရာ)၊ မင်းခန့်ထူး၊ အောင်မင်းခန့် (ဓာတ်ပုံဆရာ၏ တပည့်များ) ဖြစ်ပြီး ၎င်းတို့ကို မြိတ်မြို့မရဲစခန်းမှ (ပ) ၁၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆/၁၁၄ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ကာ ဆက်လက်စစ်ဆေးချက်အရ ယခုကဲ့သို့ ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *