ကမာၻပတ္လမ္းသို႔ လႊတ္တင္ေတာ့မည့္ ျမန္မာ့ အေသးစားၿဂိဳဟ္တု

မန္မာႏိုင္ငံသည္ ၂၀၂၁ ခုႏွစ္တြင္ ပထမဆုံးၿဂိဳဟ္ထုကို ဂ်ပန္ႏိုင္ငံ၏(Orokokido) တကၠသိုလ္ႏွင့္(Tohoku)တကၠသိုလ္တို႔၏ အကူအညီျဖင့္ ကမာၻပတ္လမ္းသို႔ လႊတ္တင္မည္ျဖစ္ ေၾကာင္း သိရသည္။

ထိုပေရာဂ်က္တြင္ ျမန္မာႏိုင္ငံရွိ အမ်ိဳးသားတကၠသိုလ္တစ္ခုျဖစ္ေသာ Myanmar Aerospace Engineering University မွဘြဲ႕ရေက်ာင္းသားမ်ားသည္

ဂ်ပန္ႏိုင္ငံသို႔သြားေရာက္၍ ၅၀ကီလိုဂရမ္ အေလးခ်ိန္ရွိ၍ တစ္ဖက္တြင္ အမ်ားဆုံး ၅၀စင္တီမီတာအတိုင္းအတာရွိေသာ ေသးငယ္ေသာၿဂိဳဟ္ထု(Micro Satellite)ကို ဂ်ပန္ႏိုင္ငံရွိ တကၠသိုလ္မ်ား၏အကူအညီကိုရယူ၍ တီထြင္ကာ လႊတ္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုပေရာဂ်က္အတြက္ ၿဂိဳဟ္ထုတည္ေဆာက္မႈႏွင့္ လႊတ္တင္ေရးစရိတ္အပါအဝင္ စုစုေပါင္း ယန္း(၁.၇)ဘီလီယံ ေဒၚလာ(၁၆)သန္းကို ျမန္မာအစိုးရမွ ေထာက္ပံ့မည္ျဖစ္ပါသည္။

ဤစီမံကိန္းသည္ ႏိုင္ငံ၏ကိုယ္ပိုင္ၿဂိဳဟ္ထုစနစ္ကို တည္ေဆာက္ရန္ ရည္႐ြယ္ထားေသာ ျမန္မာအစိုးရ၏ အစီအစဥ္တစ္ခုျဖစ္သည္။

၂၀၁၇ ခုႏွစ္တြင္ အစိုးရသည္ ျမန္မာႏိုင္ငံပိုင္ ၿဂိဳဟ္တုစနစ္ကို တည္ေထာင္ရန္ ေကာ္မတီကိုဖြဲ႕စည္းခဲ့ၿပီး ျမန္မာႏိုင္ငံ၏ ဒုတိယသမၼတဦးျမင့္ေဆြက တာဝန္ယူေဆာင္႐ြက္လ်က္ရွိသည္။

ထိုၿဂိဳုဟ္တုကို ေျမျပင္ေလ့လာေရး စိုက္ပ်ိဳုးေရးတြင္ ကုန္ထုတ္စြမ္းအားမ်ားတိုးျမႇင့္ျခင္း၊ သဘာဝေဘးအႏၲရာယ္မ်ားမွ ကာကြယ္ျခင္းႏွင့္ သဘာဝပတ္ဝန္းက်င္ညစ္ညမ္းမႈကို ေစာင့္ၾကည့္ျခင္းတို႔တြင္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ လမ္းပန္းဆက္သြယ္ေရး အေျခအေနမေကာင္းေသာေၾကာင့္ သီးႏွံမ်ား ႀကီးထြားမႈႏွင့္ ပတ္ဝန္းက်င္ညစ္ညမ္းမႈ ရွိေနျခင္းတို႔ကို အတည္ျပဳရန္အတြက္ လယ္ယာေျမမ်ားသို႔ ကိုယ္တိုင္သြားေရာက္ၾကည့္ရႈရန္ ခက္ခဲေသာေၾကာင့္ အဆိုပါၿဂိဳဟ္တုကို အသုံးျပဳသြားမည္ ျဖစ္သည္။

ကြၽႏ္ုပ္တို႔ ျမန္မာႏိုင္ငံသည္ အျခားေသာအာရွႏိုင္ငံမ်ားႏွင့္ယွဥ္ေသာ အာကာသႏွင့္ စၾကာဝဠာအပိုင္းတြင္ ေနာက္က်မႈမ်ား ရွိေနေသာ္လည္း ယခုေနာက္ပိုင္းတြင္

အစိုးရ၏ေထာက္ပံ့မႈေၾကာင့္ အနည္းငယ္တိုးတက္မႈမ်ား ရွိလာသည္ဟု ဆိုႏိုင္ေပသည္။ ထိုမွအစျပဳ၍ တိုးတက္မႈမ်ားကို ကြၽႏ္ုပ္တို႔ ေမွ်ာ္လင့္၍ ရႏိုင္သည္။

ျမန္မာႏိုင္ငံရွိ လူငယ္မ်ားသည္ အာကာသႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာမ်ားကို စိတ္ပါဝင္စားလာမႈမွာ ကြၽႏ္ုပ္တို႔ မ်က္ျမင္ကိုယ္ေတြ႕ပင္ ျဖစ္သည္။

ကြၽႏ္ုပ္သည္လည္း လူငယ္တစ္ေယာက္အေနျဖင့္ အာကာသႏွင့္ စၾကာဝဠာကို စိတ္ဝင္စားသည္။

ျမန္မာႏိုင္ငံကိုလည္း အာကာသႏွင့္ စၾကာဝဠာနယ္ပယ္တြင္ အျခားေသာ ႏိုင္ငံမ်ားကဲ့သို႔ တိုးတက္ေစခ်င္သည္မွာ ျမန္မာႏိုင္ငံသားတိုင္း၏ ဆႏၵပင္ျဖစ္သည္။

လူငယ္မ်ား အေနျဖင့္ ပို၍ပင္ ထည္းထည္းဝင့္ဝင့္ ပါဝင္ေဆာင္႐ြက္သင့္သည္။ ကြၽႏ္ုပ္တို႔ ျမန္မာႏိုင္ငံႀကီး အာကာသႏွင့္ သိပၸံနယ္ပယ္တြင္ တိုးတက္လာမည္ကို မိတ္ေဆြတို႔ ကြၽႏ္ုပ္တို႔ မ်က္ဝါးထင္ထင္ ေတြ႕ျမင္ႏိုင္ရန္ အခ်ိန္ကို ေစာင့္ၾကည့္ဦးစို႔။

Myanmarnews24

Unicode

မန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ပထမဆုံးဂြိုဟ်ထုကို ဂျပန်နိုင်ငံ၏(Orokokido) တက္ကသိုလ်နှင့်(Tohoku)တက္ကသိုလ်တို့၏ အကူအညီဖြင့် ကမ္ဘာပတ်လမ်းသို့ လွှတ်တင်မည်ဖြစ် ကြောင်း သိရသည်။

ထိုပရောဂျက်တွင် မြန်မာနိုင်ငံရှိ အမျိုးသားတက္ကသိုလ်တစ်ခုဖြစ်သော Myanmar Aerospace Engineering University မှဘွဲ့ရကျောင်းသားများသည်

ဂျပန်နိုင်ငံသို့သွားရောက်၍ ၅၀ကီလိုဂရမ် အလေးချိန်ရှိ၍ တစ်ဖက်တွင် အများဆုံး ၅၀စင်တီမီတာအတိုင်းအတာရှိသော သေးငယ်သောဂြိုဟ်ထု(Micro Satellite)ကို ဂျပန်နိုင်ငံရှိ တက္ကသိုလ်များ၏အကူအညီကိုရယူ၍ တီထွင်ကာ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုပရောဂျက်အတွက် ဂြိုဟ်ထုတည်ဆောက်မှုနှင့် လွှတ်တင်ရေးစရိတ်အပါအဝင် စုစုပေါင်း ယန်း(၁.၇)ဘီလီယံ ဒေါ်လာ(၁၆)သန်းကို မြန်မာအစိုးရမှ ထောက်ပံ့မည်ဖြစ်ပါသည်။

ဤစီမံကိန်းသည် နိုင်ငံ၏ကိုယ်ပိုင်ဂြိုဟ်ထုစနစ်ကို တည်ဆောက်ရန် ရည်ရွယ်ထားသော မြန်မာအစိုးရ၏ အစီအစဉ်တစ်ခုဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် အစိုးရသည် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်ကို တည်ထောင်ရန် ကော်မတီကိုဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ ဒုတိယသမ္မတဦးမြင့်ဆွေက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ထိုဂြိုုဟ်တုကို မြေပြင်လေ့လာရေး စိုက်ပျိုုးရေးတွင် ကုန်ထုတ်စွမ်းအားများတိုးမြှင့်ခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို စောင့်ကြည့်ခြင်းတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေမကောင်းသောကြောင့် သီးနှံများ ကြီးထွားမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ရှိနေခြင်းတို့ကို အတည်ပြုရန်အတွက် လယ်ယာမြေများသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုရန် ခက်ခဲသောကြောင့် အဆိုပါဂြိုဟ်တုကို အသုံးပြုသွားမည် ဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် အခြားသောအာရှနိုင်ငံများနှင့်ယှဉ်သော အာကာသနှင့် စကြာဝဠာအပိုင်းတွင် နောက်ကျမှုများ ရှိနေသော်လည်း ယခုနောက်ပိုင်းတွင်

အစိုးရ၏ထောက်ပံ့မှုကြောင့် အနည်းငယ်တိုးတက်မှုများ ရှိလာသည်ဟု ဆိုနိုင်ပေသည်။ ထိုမှအစပြု၍ တိုးတက်မှုများကို ကျွန်ုပ်တို့ မျှော်လင့်၍ ရနိုင်သည်။

မြန်မာနိုင်ငံရှိ လူငယ်များသည် အာကာသနှင့် ပတ်သက်သော အကြောင်းအရာများကို စိတ်ပါဝင်စားလာမှုမှာ ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။

ကျွန်ုပ်သည်လည်း လူငယ်တစ်ယောက်အနေဖြင့် အာကာသနှင့် စကြာဝဠာကို စိတ်ဝင်စားသည်။

မြန်မာနိုင်ငံကိုလည်း အာကာသနှင့် စကြာဝဠာနယ်ပယ်တွင် အခြားသော နိုင်ငံများကဲ့သို့ တိုးတက်စေချင်သည်မှာ မြန်မာနိုင်ငံသားတိုင်း၏ ဆန္ဒပင်ဖြစ်သည်။

လူငယ်များ အနေဖြင့် ပို၍ပင် ထည်းထည်းဝင့်ဝင့် ပါဝင်ဆောင်ရွက်သင့်သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီး အာကာသနှင့် သိပ္ပံနယ်ပယ်တွင် တိုးတက်လာမည်ကို မိတ်ဆွေတို့ ကျွန်ုပ်တို့ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ရန် အချိန်ကို စောင့်ကြည့်ဦးစို့။

Myanmarnews24

Leave a Reply

Your email address will not be published. Required fields are marked *